ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၂)
ညအချိန်ကို ရောက်တော့ ဖန်ရှင်းက အိပ်ရာအောက် ဝှက်ထားသော အထုပ်ကို အသာယူ၍ အခန်းထဲမှ ထွက်လိုက်သည်။ အခန်းပြင်သို့ ထွက်လိုက်သည်နှင့် တိတ်ဆိတ်သော ညက သူ့ကို ကြိုဆိုနေသည်။ ဇောင်ကလန် တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး ညပိုးကောင် အချို့ကသာ တကျီကျီ အော်မြည် နေကြ၏။ ဖန်ရှင်းက အမှောင်ယံကို အားပြုကာ ခြေကိုဖွ၍ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ အပြင်သို့ရောက်တော့ ကောင်းကင်ထက်မှ ကြယ်ကလေးများက ရောင်စုံလင်းလက်လျက် ဖန်ရှင်းကို လမ်းပြနေသည်။ အလင်းလက်ဆုံး ကြယ်ကို ကြည့်ကာ မြောက်အရပ်ကို မှန်းဆ၍ သူထွက်လာခဲ့သည်။
ဇောင်အကြီးအကဲ၏ စကားအရ တျန်ယွမ်တိုက်ကြီးသည် မြောက်အရပ်၌ ရှိသည်ဟု သူကြားဖူးသည်။ ထို့အတွက်သူက မြောက်အရပ်ကို ဦးတည်၍သာ လျှောက်လာခဲ့သည်။ ဖန်ရှင်းက ယခုမှ အသက်အားဖြင့် တစ်ဆယ့် ခြောက်နှစ်သာ ရှိသေးသည်။ အင်မော်တယ်တစ်ယောက် ဖြစ်ချင်သည့် ဆန္ဒသာ မရှိပါက သူက ယခုလိုမျိုး ညအမှောင်ယံတွင် တစ်ယောက်တည်း လျှောက်သွားရဲမည် မဟုတ်ချေ။ ယခုတော့ သူ့ဆန္ဒက သူ့ကြောက်စိတ်ကို အနိုင်ယူနိုင်ခဲ့ပြီ ထင်ရ၏။ အမှောင်ထဲတွင် ဖန်ရှင်းက ခပ်ဖြည်းဖြည်း လျှောက်သွား နေသည်။ သူသွားနေသည့် လမ်းက မည်သည့်အရပ်ကို ဦးတည်၍ မည်သည့်နေရာကို ရောက်နေပြီမှန်း သူမသိ။ သေချာသည့်အရာက မြောက်အရပ်ကိုတော့ သူ ဦးတည် သွားနေခြင်းပင်။
အလင်းရောင် ခပ်ဖျော့ဖျော့ အားပြုလာချိန်၌ ဖန်ရှင်းက ယောင်းနိုင်ငံ၏ တောစပ်သို့ ရောက်လာပြီ။ သည်တောကိုသာ ဖြတ်ကျော်ပြီးပါက သူက ယောင်းနိုင်ငံမှ ထွက်ခွာပြီးကြောင်း သူသိသည်။ ယောင်းနိုင်ငံသည် သက်မှတ်ချက်အရ အဆင့်ငါး နိုင်ငံသာဖြစ်သည်။ ယောင်းနိုင်ငံ၏ အခြားတစ်ဖက်တွင် မိန်နိုင်ငံ ရှိသည်။ မိန်နိုင်ငံ ဟူသည်က အဆင့် လေး နိုင်ငံတစ်ခုဖြစ်ပြီး မိန်နိုင်ငံ၏ အဓိက စျေးကွက်က အမှောင်စျေးကွက်ကို အုပ်ချုပ် ချယ်လှယ်ခြင်းပင်။ ထိုအရာအားလုံးက ဇောင်စာကြည့်တိုက်ထဲမှ သူဖတ်မှတ်ထားသည့် စာတွေ့ ဗဟုသုတ များသာဖြစ်၏။ ယခုသူက လက်တွေ့အနေဖြင့် မိန်နိုင်ငံကို ခြေချရတော့မည်။ အမှန်အတိုင်း ပြောရလျှင် ဖန်ရှင်းက စိတ်လှုပ်ရှားနေသည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)