ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၂၆) မျက်ရည်
နေ့ရက်၊ နာရီ တို့သည် ဥတုရာသီကိုပင် တဖြည်းဖြည်းချင်း ဝါးမျို တိုက်စား၍ သွားသည်။ ဆောင်းဦး ကာလကို ဖြတ်ကျော်၍ ပြီးနောက် ရှန့်ရှောင်း ကျောင်းတော်သည်လည်း ပြန်လည်၍ သစ်လွင် လှုပ်ရှားလာ၏။ ကျောင်းအုပ် ရန်ရှောင်း၏ တံခါးပိတ် ကျင့်ကြံမှုသည်လည်း ပြီးမြောက်၍ သွားပြီး ယခုအချိန်တွင် သူက ကျောင်းအုပ်နေရာကို ပြန်လည်၍ ရယူထားချေပြီ။ သူ၏ ကျင့်ကြံမှု အဆင့်သည်လည်း ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်၌ ရှိနေပြီး ခိုအဆင့်၌ အခြေခိုင်ကာ အချိန်မရွေး စိတ်ဝိညာဥ်အဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်သည်။
ဤကဲ့သို့ ရွှေအမြုတေအဆင့်၏ အခြေခိုင်အဆင့်ကို အယောင်ပြ စိတ်ဝိညာဥ်အဆင့်ဟုလည်း ခေါ်သည်။ အဘယ့်ကြောင့် ဆိုသော် ထိုအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူသည် စိတ်ဝိညာဥ် နယ်ပယ်သို့ လုံးလုံး လျားလျား မတက်လှမ်း နိုင်သေးသော်လည်း စိတ်ဝိညာဥ် နယ်ပယ်ကိုတော့ ဖွင့်လှစ်ထားနိုင်သောကြောင့်ပင်။ စိတ်ဝိညာဥ်နယ်ပယ်၏ ထူးခြားမှူသည် ကျင့်ကြံသူတစ်ယောက်က ထိုအဆင့်သို့ ရောက်ရှိသည်နှင့် သူတို့က ဝိညာဥ်နယ်ပယ်ကို ဖွင့်လှစ်နိုင်ပြီဖြစ်သည်။ ဝိညာဥ်နယ်ပယ် ဟူသည်ကား ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံသူတစ်ယောက်က ဝိညာဥ်နယ်ပယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် သာမန်လူတစ်ယောက်အလား အစွမ်းအစ မဲ့သွားသောကြောင့်ပင်။ ဝိညာဥ်နယ်ပင်တွင် ထိုနယ်ပင်ကို ဖွင့်လှစ်ထားသူက ဘုရင်ပင်ဖြစ်သည်။ အခြားသူသည် ပိုင်ရှင်၏ ခွင့်ပြုချက် မရမချင်း ထိုဝိညာဥ်နယ်ပယ်အတွင်းမှ မထွက်နိုင်သကဲ့သို့ မည်သည့်စွမ်းအင်ကိုမှလည်း ထုတ်ဖော်၍ မရနိုင်ချေ။ ထို့အတွက်ကြောင့် ကျင့်ကြံသူများသည် စိတ်ဝိညာဥ် နယ်ပယ်မှ အစွမ်းထက် ကျင့်ကြံသူများကိုတွေ့ပါက ရန်မစမိအောင် ရှောင်ကြဥ်နေကြခြင်းပင်ဖြစ်၏။
ဇောင်ဖန်ရှင်း...။ ယခု အကြီးအကဲတစ်ဦး တဖြစ်လည်း ဓားသခင်ဇောင်။ ဖန်ရှင်းက ဤလများတွင် ကြိုးစား လေ့ကျင့်ခြင်း၌ သူ၏ ကိုယ်တွင်းမှ အမြုတေသည် ငွေရောင်သို့ ပြောင်းလဲလာပြီး ရွှေရောင်သန်း၍ နေချေပြီ။ ထိုအမြုတေသည်သာ ရွှေရောင်သို့ လုံးလုံး လျားလျား ပြောင်းလဲသွားပါက သူက ရွှေအမြုတေနယ်ပယ်ကို ချိုးဖြတ်တက်ရောက်နိုင်ပြီလည်း ဖြစ်၏။ ယခု သူက အမြုတေနယ်ပယ်၏ အထွတ်အထိပ်၌ ရပ်တည်နေသည့်အခါ သူ၏ အဆင့်အတန်းသည်လည်း ပြောင်းလည်း၍ သွားပြီ ဖြစ်သည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)