ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၄၃) အပြန်ခရီး
နံနက် မိုးသောက် အလင်းရောက်သည့် တိုင်အောင် ဖန်ရှင်းကထိုနေရာမှ မထသေးဘဲ တစ်ယောက်တည်း ငြိမ်သက်လျက်ရှိသည်။ သူညက အရက် မူးနေခြင်းမဟုတ်။ မူးချင်ယောင် ဆောင်ခြင်းသာ ဖြစ်၏။ ဤရက်များတွင် သူက သူ့အား လူတစ်ယောက်က မမြင်ရသည့် နေရာမှ အမြဲ စောင့်ကြည့်နေသလို ခံစားနေရသည်။ ထို့အတွက်ကြောင့် သူသည် ထိုစောင့်ကြည့်နေသည့်သူက မည်သူဖြစ်ကြောင်းကို သိချင်သည့်စိတ်ဖြင့် အရက်မူးကာ အသိစိတ် လွတ်နေသော လူတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ ယခုသူက ထိုသူမှာ မည်သူဖြစ်ကြောင်းကို ညက ကွဲကွဲ ပြားပြား သိရှိခဲ့ရသည်။
ဖန်ရှင်းသည် မျက်ခွံများ မို့အစ်နေသည်။ သူငိုထားသလော။ သူသည် ညက သူနှင့်အတူ တစ်ချိန်လုံး ရှိနေခဲ့သည့်သူက သူ၏ ဆရာသခင် ဖြစ်ကြောင်းကို သိရှိခဲ့သည်။ ထိုသို့ ဆိုပါက သူ့ဆရာသခင်သည် သူယောင်းနိုင်ငံသို့ ရောက်ရှိခဲ့သည့် အချိန်မှစ၍ သူနှင့်အတူ ရှိခဲ့ဟန်ပေါ်သည်။ ဤသို့ဆိုလျှင် သူ့ဆရာက သူ့အပေါ်တွင် တမင်နှင်ထုတ်ခြင်းသာ ဖြစ်ပြီး သူ့အပေါ် မေတ္တာပျက်ယွင်း သွားခြင်း မဟုတ်နိုင်။ ထိုအချက်ကို တွေးမိသည့်အခါ ဖန်ရှင်း၏ မျက်နှာထက်၌ အပြုံးတစ်ခု တောက်ပစွာဖြင့် ထွက်ပေါ်လာသည်။
ထို့နောက်တွင် သူက တစ်ညလုံး မူးဝေနေသည့် ပုံစံဖြင့် တစ်ချက်သမ်းဝေကာ နေရာမှ ထလိုက်သည်။ ထို့နောက်တွင် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ ကလန်ရှိရာသို့ ထွက်ခွာ သွားလိုက်သည်။
ဖန်ရှင်းထွက်ခွာ သွားသည့်အခါ တာအို နတ်ငှက်မွှေး တောင်ပေါ်တွင် လူတစ်ယောက် ထွက်ပေါ်လာသည်။ ထိုလူသည် အခြားသူ မဟုတ်။ ကျိုးသွမ့်ယွီပင် ဖြစ်လေ၏။ ကျိုးသွမ့်ယွီသည် ထွက်ခွာသွားသည့် ဖန်ရှင်း၏ ကျောပြင်ကို ငေးကြည့်နေသည်။ ထို့နောက် သူက သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
ဖန်ရှင်း မထွက်ခွာခင်က သူရှိနေသည့် အရပ်ကို သေသေချာချာ စိုက်ကြည့်သွားသည်ဟု သူခံစား နေရသည်။ သို့သော်လည်း ထိုအရာက မဖြစ်နိုင်ပေ။ သူသည် စိတ်ဝိညာဥ်အဆင့်၏ ကျင့်ကြံခြင်းဖြင့် မိမိကိုယ်ကို အော်ရာရော၊ အရှိန်အဝါပါ ဖုံးကွယ် ထားခြင်း ဖြစ်၏။ ထိုအရာကို အမြုတေအဆင့်၌သာ ရှိသေးသည့် ဖန်ရှင်းက အဘယ့်ကြောင့် မြင်နိုင်ပါမည်နည်း။ သာမန်အားဖြင့် သူနှင့် ဖန်ရှင်းက အဆင့်ကြီး နှစ်ဆင့်ကွာခြားသည်။ အကယ်၍ အဆင့်ကျော်၍ သိနိုင်ပါသည် ဆိုလျှင် ထိုအရာက ယုတ္တိတန်သော အရာ တစ်ခု မဟုတ် တော့ချေ။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)