အခန်း (၁၄) ယှဥ်ပြိုင်ခြင်းများ

2K 217 0
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၁၄) ယှဥ်ပြိုင်ခြင်းများ

တျန်ယွမ်တိုက်ကြီး၏ အလယ်ပိုင်း ဒေသ သူတော်စင် နယ်မြေအတွင်း၌ လူအများ အသီးသီး ရောက်ရှိနေကြ ပေသည်။ တျန်ယွမ် တိုက်ကြီး၏ အဓိက ပြယုဂ်များ ဖြစ်ကြသော ကျောင်းတော်သုံးခု ဖြစ်သည့် ကြီးစိုးခြင်း ကျောင်းတော်၊ နတ်မိမယ် ကျောင်းတော် နှင့် ရှန့်ရှောင်းကျောင်းတော်တို့မှ ကျောင်းတော်သားများ၊ ဆရာသခင်များသည်လည်း သူတော်စင် နယ်မြေ၏ အဓိကနေရာများ၌ လာရောက်စုရုံး နေကြလေ၏။ အခြားသော ဂိုဏ်းအဖွဲ့များ ဖြစ်သည့် ယန်မိစ္ဆာဂိုဏ်း၊ အလောင်းကောင်ဂိုဏ်း၊ နတ်ဆိုးကျင့်ကြံခြင်း ကျောင်းတော်မှ ကျင့်ကြံသူများလည်း အသီးသီး ရောက်ရှိ နေကြသည်။

ထို့နောက်တွင်မှ အမှောင်ထု လွတ်မြောက်ခြင်း ကျောင်းတော် နှင့် နေလ အင်ပါယာဂိုဏ်းတို့က သူတော်စင်နယ်မြေ အတွင်းသို့ အတူတကွ ဝင်ရောက်၍ လာကြသည်။ ယခုဆိုလျှင် သူတော်စင်နယ်မြေ၏ အတွင်းဘက် အပိုင်း၌ ကျောင်းတော်သုံးခုနှင့် ဂိုဏ်းကြီးငါးဂိုဏ်း စု​စုပေါင်း အင်အားရှစ်စုက တစ်စုတစ်ဝေးတည်း စုရုံး၍နေကြပြီ ဖြစ်၏။ သူတော်စင်နယ်​မြေမှ သူတော်စင်များကိုပါ ထိုအင်အားစု အတွင်းသို့ထည့်သွင်း တွက်ချက်ပါက အင်အားစု ကိုးခုလုံးက တစ်နေရာထဲတွင် အတူတကွ ထွက်ပေါ်လာကြခြင်း ဖြစ်လေသည်။ ထိုသို့သော မြင်ကွင်းမျိုးက လူငယ် ပညာရှင်များ အနေဖြင့် အထူးအဆန်းပင် ဖြစ်သည်။ ထို့အတွက် လူငယ် ကျင့်ကြံသူ အားလုံးက ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကို အထူးအဆန်းအဖြစ် စူးစမ်း၍ နေကြလေသည်။

ယနေ့ ဂိုဏ်းပေါင်းစုံ တွေ့ဆုံပွဲကို ကြီးကြပ်မည့် သူများက သူတော်စင် နယ်မြေ၏ ကြီးမြတ်သော အစောင့်အရှောက်များ ဖြစ်သော ခုံးမျိုးနွယ်မှ ဘိုးဘေးသုံးဦးပင် ဖြစ်သည်။ ခုံးမျိုးနွယ်သည် တျန်ယွမ်တိုက်ကြီး၏ တည်ထောင်သူ သူတော်စင် ခုံးမင်၏ တိုက်ရိုက် ဆင်းသက်လာသော မျိုးနွယ်ဖြစ်သောကြောင့် သူတို့က သူတော်စင် နယ်မြေ၏ အုပ်ချုပ်ရေးအပိုင်းကို တာဝန်ယူထားကြသည်။ အထူးသဖြင့် ခုံးမျိုးနွယ်သည် သူတော်စင် နယ်မြေအတွင်း၌ အာဏာအရှိဆုံးသော မျိုးနွယ်စုပင် ဖြစ်သည်။ ခုံးမျိုးနွယ်၏ ဘိုးဘေးသုံးဦးမှာ ခုံးလောင်၊ ခုံးစစ် နှင့် ခုံးလုံ တို့ပင် ဖြစ်သည်။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now