ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၁၂) ရင်ခုန်ခြင်း အစ
သုံးလ...။ သုံးလဟူသည့် အချိန်က လျင်လျင်မြန်မြန်ကြီး ကုန်ဆုံးသွားသည်။ သည်အချိန်အတွင်း ဖန်ရှင်းက လေပွေကဟန် ဓားကွက်ကိုသာ အထပ်ထပ် ဆင်ခြင် သုံးသပ်၍ နေသည်။ သူက အဓိက အချက်ကို ဆုပ်ကိုင်မိခါနီးမှ အမြဲတမ်း မှတ်ဉာဏ်ပျောက်ဆုံးသွားသလို ခံစားနေရသည်။ သည်ခံစားချက်က သူ့ကိုအောင့်သက်သက် နိုင်စေသည်။ ' ဘယ့်နှယ့် ငါ့ကျမှပဲ ဒီကျင့်စဥ်က ခက်ခဲနေရတာပါလဲ။ ဆရာ လုပ်ပြသွားစဥ်တုန်းက လွယ်သလောက် ငါက ဘာများ လိုအပ်နေလို့လဲ '
ဖန်ရှင်းက ဝါးတောထဲတွင် ရပ်၍ တစ်ယောက်တည်း စဥ်းစားခန်း ဝင်နေသည်။ ထို့နောက်တွင် သက်ပြင်းကိုချလိုက်ပြီး ကျောတွင်လွယ်ပိုးထားသည့် မူလပထမ ပြောင်းပြန်ဓားကို ယူလိုက်သည်။ ဓားကို ဓားအိမ်ထဲမှ ဆွဲချွတ်လိုက်သည်နှင့် ရွှီကနဲ မြည်သံက ဝန်းကျင်အနှံ့ ပျံ့သွားသည်။ ထို့နောက်တွင် သူက ဓားအိမ်ကို ဘေးသို့ ပစ်ချလိုက်ပြီး မျက်လုံးကိုဖြည်းညင်းစွာ မှိတ်လိုက်၏။
" ခြေထောက်ကို အဓိကထားပြီး၊ လက်ကလှုပ်ရှား၊ နှလုံးသားကို ဓားနဲ့ တစ်တန်းတည်းထား၊ နားကအလုပ်,လုပ် "
ဆရာပြောခဲ့သည့် စကားကို ဖန်ရှင်းက ပြန်လည်ကြားယောင်ကာ ရေရွတ်လိုက်သည်။ ထို့နောက်တွင် ညာခြေကိုခွဲကာ လက်ထဲမှဓားကို စကြာသဏ္ဍာန် မွှတ်နေအောင် လှည့်ပတ်လိုက်သည်။ ချီစွမ်းအင်ကို ထုတ်ဖော်ကာ ဓားဆီသို့ ပို့လွှတ်လိုက်ပြီး ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ဝါးတောထဲမှ ဝါးပင်များက အတုံးအရုံး ပြိုလဲကုန်သည်။ သို့သော် သူက သူ၏ဓားချက်ကို အားမရသေးပေ။ ဓားချက်က အနည်းငယ် အသက်မပါသလို ထင်ရပြီး ပိရိ သေသပ်မှုလည်း အားနည်းသေးသည်ဟု သူထင်မိသည်။
" လေပွေ ကကြိုး "
သူက ဓားကွက်၏ အမြင့်ဆုံး အဆင့်ကို ထုတ်ဖော်ကာ မြေပြင်ကို ခြေတစ်ချက်ဆောင့်နင်းကာ အထက်သို့ ခုန်တက်လိုက်သည်။ ထိုအခါ သူ့နောက်မှ တစ်စုံတစ်ခု လိုက်ပါလာသည်ဟု သူထင်မိသည်။ ထိုအရာကသူနှင့် နီးကပ်လာပြီး ထိုအရာမှ တစ်ဆင့်သူက အန္တရာယ်ကို ခံစားမိသည်။ ထို့အတွက်ကြောင့် သူက အနောက်ကို ရုတ်တရက် လှည့်လိုက်ပြီး ဓားကိုင်လက်ကို အရှေ့သို့ တွန်းထုတ်လိုက်လေ၏။ ဓားက အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားပြီး အနောက်မှ လိုက်ပါလာသည့် အရာကို ထိထိ မိမိ ထိမှန်သွားလေ၏။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)