အခန်း (၄၀) နှင်ထုတ်ခြင်း

1.3K 130 4
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၄၀) နှင်ထုတ်ခြင်း

         ရုတ်တရက် ကုချင်းသံစဥ်က ပျောက်ရှသွားသည့်အတွက် ဖန်ရှင်းက ကျင့်ကြံနေရာမှ ထလိုက်သည်။ ထို့နောက်တွင်သူက အင်္ကျီကို ချွတ်လိုက်ပြီး ဝါးအိမ်ကလေး ရှိရာသို့ သွားလိုက်၏။ ဝါးအိမ်ကလေး၏ ရှေ့တွင် သူ၏ ဆရာသခင်က ကုချင်းပေါ်တွင် လက်တင်၍ ငြိမ်သက်စွာ ထိုင်၍ နေသည်။ ဖန်ရှင်းက ဆရာဖြစ်သူအား ကြည့်လိုက်ရင်း...

" ဆရာ ဘယ်လို အနှောက်အယှက်မျိုး ဖြစ်လို့လဲ အမ်...ဒါနဲ့ဆရာလက်မှာ သွေးတွေ "

        ဖန်ရှင်းက ဆရာသခင်အား ပြောလိုက်ရင်း အကြည့်က သွမ့်ယွီ၏ လက်ဆီသို့ ရောက်သွားသည်။ မကြာသေးခင်က ကုချင်းကြိုး၏ ပြတ်ရှမှုကြောင့် ရရှိထားသည့် ဒဏ်ရာကိုမြင်သည့်အခါ သူက စိုးရိမ်သွားပြီး သွမ့်ယွီ၏လက်ကို ဆွဲကိုင်လိုက်သည်။

" ငါ့လက်ကို လွှတ်လိုက် "

" ဆရာ ဒါပေမဲ့... "

" လွှတ်လိုက် မထိနဲ့ ငါ့ကို တစ်ယောက်တည်း ထားခဲ့လိုက် "

" ဆရာ ဘာတွေပြောနေတာလဲ ရှင်းအာက ဘာကြောင့် ဆရာ့ကို တစ်ယောက်တည်း ထားခဲ့ရမှာလဲ မဖြစ်နိုင်ဘူး "

" ငါပြောနေတယ် ထွက်သွား "

" ဟင့်အင်း မသွားဘူး ရှင်းအာက ဆရာ့စကားကို အမြဲနားထောင်ခဲ့ပေမဲ့ ဒီတစ်ခါတော့ နားမထောင်တော့ဘူး၊ ဆရာ့ကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး "

" ထွက်သွားစမ်း... ဘန်း "

         သွမ့်ယွီက ဖန်ရှင်းအား အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ လက်ဝါးရိုက်ချက် တစ်ခုအား ရိုက်ထုတ် လိုက်သည်။ ထိုလက်ဝါးရိုက်ချက်က ဟန့်တားခြင်းမျိုး မဟုတ်ဘဲ၊ အစစ် အမှန် ရိုက်ချက်ပင် ဖြစ်၏။ အညှာအတာကင်းမဲ့လွန်းပြီး သံယောဇဥ်ဖြတ် လက်ဝါးချက်ပင်ဖြစ်လေသည်။

" ဆရာ... ဘာကြောင့်လဲ ဘာကြောင့်လဲ ဝေါ့ "

        ဖန်ရှင်းက မီတာ နှစ်ရာခန့် လွင့်စင်သွားပြီး သွေးအန်ကာ သွမ့်ယွီအား နားမလည်နိုင်စွာ ကြည့်သည်။ မနေ့ကအထိ သူတို့နှစ်ဦးက ချစ်ခဲ့ကြသည်။ သံယောဇဥ်တွေ တွယ်ငြိခဲ့ပြီး တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိခဲ့သည်။ သူက ထိုဆက်ဆံရေးလေးကို မြတ်နိုးလွန်းလှပြီး အပျော်ကြီး ပျော်ခဲ့သည်။ သို့သော် ယခု ဘာကြောင့် အရာရာက ပျက်စီးသွားခဲ့ပါသနည်း။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now