အခန်း (၂၂) ငွေရောင် ဆံနွယ်တွေ

2.2K 212 2
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၂၂) ငွေရောင် ဆံနွယ်တွေ

ရှန့်ရှောင်းကျောင်းတော်၏ အနောက် သားရဲ တောအုပ်အတွင်း မီးရောင် ခပ်ပျပျက လေတိုက်ရာဘက်သို့ ယိမ်းနွဲ့၍ နေသည်။ အနီးကပ် ကြည့်မည်ဆိုလျှင် တစ်ကိုယ်စာ ဝင်ဆန့်သည့် သဘာဝဖြစ် ဂူကလေးအတွင်းမှ ထွက်ပေါ်လာသည့် မီးရောင်ဖြစ်ကြောင်း သိကြလိမ့်မည်။ ထိုဂူကလေးအတွင်း၌ လူသားနှစ်​ယောက် ရှိနေသည်။ တယောက်၏ မျက်လုံးတို့က စိမ်းဖန့်နေပြီး အခြား တစ်ယောက်ကတော့ ငြိမ််သက် လွန်းနေ၏။ ထိုလူသားနှစ်ဦးမှာ အခြားမဟုတ် ကျိုးသွမ့်ယွီနှင့် ဖန်ရှင်းပင်ဖြစ်သည်။ ကျိုးသွမ့်ယွီသည် ဖန်ရှင်းကို သူ၏ ပေါင်ပေါ်၌ ခေါင်းတင်၍ မှေးစက်စေသည်။

အတွင်းဒဏ်ရာရော၊ အပြင်ဒဏ်ရာပါ ထိခိုက်မှု ကြီးမားထားသည့် အတွက် သူက ဒီတစ်ညကို တောတွင်း၌ ကုန်ဆုံးဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်၏။ ကျိုးသွမ့်ယွီ၏ နှုတ်ခမ်းပါးတို့က သာမန်ထက်ပို၍ ဖြူလျော့ နေသည်။ နှုတ်ခမ်း တို့၏ အထက်ကို ကြည့်ပါက သူ၏ ဆံနွယ်များသည်လည်း အဖြူရောင်သို့ ပြောင်းလဲ၍ သွားသည်ကို သိနိုင်လိမ့်မည်။

ဖန်ရှင်း၏ ဒဏ်ရာက ပြင်းထန်သည်။ အပြင်ဒဏ်ရာက ကုသဖို့လွယ်ကူသော်လည်း ချီပင်လယ် ကွဲအက် ပျက်ဆီးသွားမှုနှင့် အသက်ဓာတ် ယိုယွင်းမှုက စိုးရိမ်ဖွယ် ရာပင် ဖြစ်၏။ ထို့အတွက် သွမ့်ယွီက သည်ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းလည်း ဖြစ်၏။ ထိုသို့မဟုတ်ပါက သူ၏ စိတ်၏ အလိုကို သူက လိုက်ပါလိုက်ခြင်း မျိုးလည်း ဖြစ်နိုင်ပါသေးသည်။

သွမ့်ယွီသည် ဖန်ရှင်း၏ ယိုယွင်းသွားသော အသက်ဓာတ်ကို သူ၏ အသက်ဓာတ်နှင့် အစားထိုး လိုက်သည်။ ယခုအခါသူ၏ အသက်ဓာတ် တစ်ဝက်လောက်က ကုန်ခမ်းသွားချေပြီ။ အသက်ဓာတ် အားနည်းသွားသော သူ့အတွက် သူ၏ ဆံနွယ်တို့က အဖြူရောင်သို့ ​ပြောင်းလဲသွားခြင်း ဖြစ်သည်။ သွမ့်ယွီ၏ ဆံနွယ်ဖြူတို့က လေတွင်လှုပ်ရှား လူးလွန့်နေသည်။ မျက်လုံးတို့က အရောင်တောက် စိမ်းဖန့်နေသလောက် သူ၏ ခန္ဓာကိုယ်ကတော့ အားနည်းလွန်းလှပါသည်။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now