ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၃) ရှန့်ရှောင်း ကျောင်းတော်
ဖန်ရှင်းက ကြောက်ရွံ့စိတ် မပျယ်သေးဘဲ တုန်ရင်နေဆဲပင် ဖြစ်၏။ အချိန်အတော်ကြာမှ သူ့ဘေးမှ သားရဲလေးကို ရင်ခွင်၌ ပြန်ပွေ့ပိုက်ရင်း သူ့အား ကယ်တင်ခဲ့သည့် ဝတ်စုံဖြူဝတ် လူအား လှည့်ကြည့်လိုက်သည်။
" နေပါအုံး ကျုပ်ကို စောင့်ပါအုံး ကျွန်တော်က တျန်ယွမ် ကုန်းမြင့် တိုက်ကြီးကို သွားချင်လို့ပါ ဒီက စီနီယာက ဘယ်ကို သွားမှာလဲ "
" တျန်ယွမ်တိုက်ကြီး သင်ကြားရေး ရှန့်ရှောင်း ကျောင်းတော်ကို "
" အိုက်ယား သင်ကြားရေး ကျောင်းတော်လား တိုက်ဆိုင်လိုက်တာ ဒီက ဂျုနီယာကလည်း သင်ကြားရေး ကျောင်းတော်ကို သွားချင်တာ ဒီဂျူနီယားရဲ့ နာမည်က ဖန်ရှင်းက မျိုးရိုးက ဇောင်ပါ စီနီယာကရော..."
" စကားများတယ် လမ်းမပျောက်ချင်ရင် ပါးစပ်ပိတ်ပြီး လိုက်ခဲ့ "
သူ့ကို လှည့်မကြည့်ဘဲ ထွက်ပေါ်လာသော စကားသံတွင် ဒေါသသံတို့ ရောစွတ်ပါဝင်နေကြောင်း သူသိသည်။ ထို့အတွက်ကြောင့် သူက ပါးစပ်ပိတ်လိုက်ပြီး ထိုလူ၏ နောက်မှ ခပ်ကုတ်ကုတ်လေး လိုက်ပါသွားလေ၏။
တစ်လမ်းလုံး တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြဘဲ သွားလာနေကြသည်။ ဖန်ရှင်းက ရှေ့မှ စီနီယာ၏ နောက်မှ လိုက်ပါနေသော်လည်း တစ်ချက်တစ်ချက် လေ့လာ အကဲခတ်ကြည့် နေသည်။ စီနီယာသည် သူ့ကို ရှိသည်ဟုပင် မထင်ဘဲ တစ်ယောက်တည်း အေးဆေးသက်သာစွာ သွားလာနေသည်။ သူက စကားပြောချင်သော်လည်း စီနီယာက သူ့ကို အလိုရှိပုံ မပေါ်ပေ။ ထို့အတွက်ကြောင့် သူကလည်း စကားမပြောမိအောင် သတိထား၍ နေသည်။
" မင်းက သင်ကြားရေးကျောင်းကို သွားပြီး ဘာသွားလုပ်မှာလဲ ကောင်လေး "
ရုတ်တရက် ထွက်ပေါ်လာသည့် စကားသံကြောင့် ဖန်ရှင်းက ကြောင်အသွားသည်။ ထိုအသံက စီနီယာထံမှ လာခြင်းဖြစ်ကြောင်းကို သူသိသည်။ သို့သော်လည်း သူက စကားမပြောရဲသေးချေ။ စီနီယာက သူ့ကို ပါးစပ်ပိတ်ထားရန် ပြောထားသည် မဟုတ်လား။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)