ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၂၈) နတ်ဆေးတောင်ကြားသို့
လေအင်ပါယာမြို့...။ ယင်းမြို့က တျန်ယွမ် တိုက်ကြီး၏ အပြင်ဘက်၌ သီးခြား ဖြစ်တည်နေသည့် မြို့တစ်မြို့ပင် ဖြစ်သည်။ ထို့အတူ လေအင်ပါယာမြို့၏ မြို့တော်ဝန်သည်လည်း တျန်ယွမ်တိုက်ကြီး၏ အုပ်ချုပ်မှုမှ ကင်းလွတ်ခွင့် ရသည့် သူပင်ဖြစ်သည်။ တစ်နည်းအားဖြင်း ယင်းမြို့သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့တစ်မြို့ပင် ဖြစ်၏။ လေအင်ပါယာမြို့သည် အဆင့် (၁) နိုင်ငံတစ်ခုနီးနီး ကျယ်ဝန်းလှပြီး ထိုမြို့၌ လိုချင်သည့်အရာ မျိုးစုံရှိသည်။ ထို့ကြောင့် လူအများစုက လေအင်ပါယာမြို့အား လိုတရမြို့ဟုလည်း ခေါ်ဝေါ်သုံးစွဲတတ်ကြ၏။
ယခု လေအင်ပါယာမြို့၏ စျေးထဲတွင် လူငယ်တစ်ဦးက ဓားတစ်ချောင်းကို ကျော၌ လွယ်ပိုး၍ ခပ်မှန်မှန်လျှောက် နေသည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သွယ်လျသော ခန္ဓာကိုယ်နှင့် နုဖပ်သည့် အသားအရည်ကြောင့် ထိုလူငယ်က ကျင့်ကြံသူတစ်ယောက် ဆိုသည်ထက် စာပေသမားတစ်ယောက်နှင့် ပို၍ တူညီ နေသည်။ သို့သော်လည်း လူငယ်၏ ကျော၌ လွယ်ပိုးထားသည့် ဓားကြောင့် စာပေသမားဟူ၍လည်း အတတ် မပြောနိုင်ကြချေ။
လမ်းတစ်လျှောက်ရှိ မိန်းကလေးအများစုကတော့ လူငယ်၏ ချောမောမှုကြောင့် မျက်စိ မလွှဲတမ်း လိုက်၍ ကြည့်နေကြသည်။ လူငယ်ကတော့ သူ့အား ကြည့်နေကြသည့် အကြည့်များကို မသိကျိုးနွံပြုကာ တစ်ကိုယ်တည်း အေးဆေးစွာ သွားလာ၍ နေလေသည်။
" ဒီက သခင်လေးက ဘာများအလိုရှိပါသလဲ "
" အမဲသားနဲ့ ခေါက်ဆွဲတစ်ပွဲ ပေးပါ "
လူငယ်က အမဲသားခေါက်ဆွဲ တစ်ပွဲမှာရင်း ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။ ထို့နောက်...
" အရက်တစ်အိုးနဲ့ အမြည်းတစ်ပွဲလည်း ခပ်မြန်မြန်လေး လုပ်ပေးပါ "
လူငယ်က နောက်ထပ်တစ်ကြိမ် ငြိမ်သက် သွားပြန်သည်။ ဆိုင်ထဲမှ လူအများစုကတော့ လူငယ် ရှိနေသည့် နေရာကိုသာ စိတ်ဝင်စားသည့် အကြည့်များနှင့် ငေးကြည့်နေကြလေ၏။ မကြာခင် အချိန်အတွင်း လူငယ်မှာထားသည့် အစားအသောက်များက ရောက်ရှိလာသည်။ အစားအသောက်များ ရောက်လာသည့်အခါ လူငယ်က ကျောနောက်မှ လွယ်ပိုးထားသည့်ဓားကို သိုင်းကြိုးဖြုတ်ကာ စားပွဲခုံပေါ်သို့ တင်လိုက်သည်။ ထို့နောက် အငွေ့တထောင်းထောင်း ထနေသည့် အမဲသားခေါက်ဆွဲကို စတင်၍ စားလေသည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)