ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၃၂) ဓားသခင်ဇောင်
ကျောင်းတော်နှင့် ပို၍ နီးကပ်လာလေလေ ဖန်ရှင်း၏ စိုးရိမ်မှုက ပို၍ များပြာလာလေလေ ပင်ဖြစ်၏။ ထို့အတွက်ကြောင့် သူက စိုးရိမ်စိတ်ကို ထိန်းချုပ်ခြင်း ခြေလှမ်းကို ပို၍ အရှိန် တင်လိုက်သည်။ သူနှင့် သူ့ဆရာသခင်တို့ အတူ နေခဲ့သည့် ဝါးတောအုပ် ကလေးကို သူက လှမ်းမြင် နေရပေပြီ။ ဝါးတောအုပ်ကလေး ဆီသို့ ရောက်သည့်အခါ သူကချက်ချင်း ချဥ်းကပ်မသွားဘဲ အခြေအနေကို အရင်ဆုံး လေ့လာလိုက်၏။ မြေပြင် အနေအထားနှင့် ပတ်ဝန်းကျင် အနေအထားက အဆင်ပြေပြီဆိုမှ သူက ထိုနေရာသို့ သွားလိုက်သည်။
ဝါးတောအုပ်ကလေးက တိတ်ဆိတ်ငြိမ်သက်နေသည်။ ထို့အတူ ဝါးတောအိမ်ကလေးသည်လည်း တိတ်ဆိတ်လွန်းနေပြီး အသံဟူ၍ စိုးစိမျှ မကြားရပေ။ အသံလုံ အစီအရင်နှင့် အကာအကွယ် အစီအရင်က ပျက်စီးနေသောကြောင့် ဖန်ရှင်းက စိုးရိမ်စွာဖြင့် ဝါးတောအိမ်ကလေး အတွင်းသို့ ကတိုက်ကရိုက် ဝင်လိုက်သည်။ ဝါးအိမ်ကလေး အတွင်း၌ ငွေရောင်ဆံနွယ်တို့ဖြင့် လူတစ်ယောက်က မလှုပ်မယှက် လဲကျနေ၏။
လှုပ်ရှားခြင်း မရှိဘဲ မှောက်လျက်သား ငြိမ်သက်နေ၏။ ထိုသူက အခြားမဟုတ်။ သူ၏ ဆရာသခင် ကျိုးသွမ့်ယွီပင်။ ဖန်ရှင်းက ရုတ်ချည်း ဒူးထောက်လိုက်ပြီး ဆရာသခင်၏ လက်ကောက်ဝတ်ကို စမ်းသပ်လိုက်၏။ အသက်ငွေ့ငွေ့ ကျန်သေးသည့် အတွက် ဖန်ရှင်းက သက်ပြင်းချလိုက်သည်။ ထို့နောက် ဆရာသခင်၏ ပါးစပ်ကို အနည်းငယ်ဟ၍ သူတော်စင် ဗုဒ္ဓခန္ဓာ တည်ဆောက်ခြင်း ဆေးကို တိုက်လိုက်လေသည်။
" မဖြစ်ဘူး တိုက်ခိုက်သံတွေက ပိုပြီးပြင်းထန်လာပြီ ငါသွားမှဖြစ်မယ် "
ဖန်ရှင်းက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက်တွင် ဆရာသခင်အား အသာချ၍ ပြောင်းပြန်ဓားကို ဆွဲယူကာ ကျောင်းတော် ရှိရာသို့ ထွက်သွားလိုက်သည်။ ကျောင်းတော်နှင့် ပို၍ နီးကပ်လာမှုကြောင့် တိုက်ခိုက်သံများက ပို၍ ကျယ်လောင်လာသည်။ သူက လေပွေအရိပ် ခြေလှမ်းကိုသုံးကာ ဓားနန်းမဆောင်၏ ထိပ်သို့ ခုန်တက်လိုက်သည်။ မြေပြင်၌ ကျောင်းတော်သားများနှင့် အခြားသော အဖွဲ့အစည်းမှ ကျင့်ကြံသူများ တိုက်ခိုက်နေကြသည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)