ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၂၇) ထွက်ခွာပြန်ပြီ
ရှန့်ရှောင်းကျောင်းတော်၏ အနောက်ဘက် ဝါးတောအိမ်ကလေး အတွင်း၌ ယခုအခါတွင် ကျိုးသွမ့်ယွီ တစ်ဦးတည်းသာ ရှိ၍ နေသည်။ သူက ဝါးခုတင် တစ်ခုပေါ်၌ ကိုယ်ကို ဘေးတဇောင်း အနေအထားဖြင့် ထိုင်နေပြီး သူ၏ အရှေ့၌ ကုချင်းတစ်လက် ရှိ၍နေသည်။ ထိုကုချင်းက သူတီးခတ်နေကြ ကုချင်းပင် ဖြစ်သည်။ ကုချင်းကြိုးများသည် ရွှေပိုးလိပ်ပြာ သာရဲများ၏ ခန္ဓာကိုယ်မှထွက်သည့် ပိုးသားများဖြင့် ကျစ်ထားခြင်းဖြစ်၏။ ရွှေပိုးလိပ်ပြာ သားရဲများသည် အဆင့် ငါးသားရဲသာဖြစ်ပြီး သဘာဝအားဖြင့် ရန်လိုခြင်းမရှိပေ။
အဆင့်ငါး သားရဲဟု ဆိုသော်ငြားလည်း ခုခံနိုင်မှု အားနည်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အတွက် သာမန်အဆင့် သားရဲများနှင့် များစွာကွာခြားခြင်းမရှိပေ။ သို့သော်လည်း သူတို့ခန္ဓာကိုယ်မှ ထွက်လာသည့် ပိုးမျှင်များကတော့ ထိုသို့မဟုတ်။ ထိုပိုးမျှင်များကို ကွန်ရက်တစ်ခု ပြုလုပ်၍ အခြားသားရဲများကို ထောင်ဖမ်းပါက အဆင့် တစ်ဆယ်သားရဲပင်လျှင် ထိုကွန်ရက်အတွင်းမှ ရုန်ထွက်နိုင်ခြင်း မရှိချေ။
ကျိုးသွမ့်ယွီသည် ရွှေပိုးလိပ်ပြာများ၏ အသိုက်ထဲသို့ သွားက ထိုပိုးလိပ်ပြာ များ၏ အသိုက်သွင်း၌ စုဆောင်ထားသည့် နှစ်ချို့ ပိုးမျှင်များကို အရယူကာ ဤကုချင်းကြိုးများကို တပ်ဆင်ထားခြင်း ဖြစ်၏။ ထို့အတူ ကုချင်းမှ သစ်သားသည်လည်း ကောင်းကင် သစ်ပင်မှ အနှစ်သားကိုယူကာ ထွင်းထုထားခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် ခိုင်ခံ့မှုနှင့် သာယာနာပျော်ဖွယ်ကောင်းမှု နှစ်ခုစလုံးကို သူက သူ၏ ကုချင်း၌ ပြုပြင်မွမ်းမံ၍ ထားလေသည်။
" တိင်...တိင်..."
ဆွေးမြေ့ဖွယ် ကုချင်း သံစဥ်က ဝါးတော အုပ်ကလေး အတွင်းမှ အပြင်သို့ လွင့်မျောသွားသည်။ သံစဥ်ထဲတွင် ထွက်သွားသူကို ကျန်ခဲ့သူက လွမ်းဆွတ် သတိရသည့်ဟန်များ အထူးပါဝင်နေ၏။ သံစဥ်ကို တီးခတ်နေရင်း သွမ့်ယွီ၏ မျက်ဝန်းအစပ်မှ မျက်ရည်စီးကြောင်းများ စီးကျလာသည်။ ထိုစဥ်...
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)