အခန်း (၃၀) နောက်ဆုံး အတားအဆီး

1.5K 165 2
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၃၀) နောက်ဆုံး အတားအဆီး

ဖန်ရှင်းက ပုံရိပ်​ယောင် တောအုပ်အတွင်းမှ ထွက်ခွာလာခဲ့ပြီ ဖြစ်၏။ တောအုပ်၏ အပြင်သို့ ရောက်သည့်အခါ အရာအားလုံးက သူ့ကို တဒင်္ဂ မင်သက်သွားစေသည်။ အကြောင်းမှာ အပြင်သို့ ထွက်လိုက်သည့်အခါ သူ့အား စီးကြိုနေသည့် အရာက စိတ်ဝိညာဥ် အခိုးအငွေ့များ တောက်လောင်နေသည့် အဆောက်အဦး တစ်ခုကြောင့်ပင် ဖြစ်သည်။ ထိုအဆောက်အဦးက သာမန်ဆိုလျှင် ဖန်ရှင်းက ဤမျှလောက် အံ့သြမင်သက်လိမ့်မည် မဟုတ်။ ယခုသူတွေ့လိုက်ရသည့် အရာက လေပေါ်၌ ပေါလောပေါ်နေသည့် အဆောက်အဦး တစ်ခုဖြစ်ပြီး ထိုအရာ၏ ဘေးပတ်ပတ်လည်၌ မြူများက ရစ်ဆိုင်းနေ၏။

ရုတ်တရက် ကြည့်လိုက်သည့် အခါ ထိုအရာက ကောင်းကင်ဘုံမှ နန်းဆောင်တစ်ခုအလား သူ့ကို ထင်မှတ်စေပြီး ထိတ်လန့်အံ့သြမှုကို ဖြစ်စေသည်။ သူက တဒင်္ဂမျှ အသိလွတ်ပြီးနောက်မှ သတိဝင်၍လာပြီး အဆောက်အဦးရှေ့၌ ရပ်လိုက်သည်။

" အတားအဆီးနှစ်ခုကို အောင်အောင်မြင်မြင် ဖြတ်ကျော်လာနိုင်တဲ့ အတွက် ဂုဏ်ပြုပါတယ်၊ ကျုပ်က ဒီတောင်ကြားရဲ့သခင်ပါပဲ၊ ကျုပ်နာမည်ကိုတော့ သိတဲ့သူတွေရှိလောက်မှာ မဟုတ်တော့ပါဘူး၊ ကျုပ်နာမည်က ခုံးမင်ပါ "

" ဘယ်လို အကြီးအကဲက ခုံးမင်, ခုံးမင်ဆိုတာက တျန်ယွမ်တိုက်ကြီးကို တည်ထောင်ခဲ့တဲ့ သူတော်စင် ခုံးမင်များလား "

" ဟားဟား... နှစ်ထောင်ကျော် ကြာတာတောင်မှ ကျုပ်နာမည်ကို သိတဲ့သူ ရှိသေးတာပဲ၊ ​ဟုတ်ပါတယ်၊ ကျုပ်က အဲဒီ ခုံးမင်ပါပဲ "

ခုံးမင်ဟူသည့် နာမည်ကို ကြားကတည်းက ဖန်ရှင်းက အံ့သြဝမ်းသာ ဖြစ်နေပြီဖြစ်၏။ ယခု သူတော်စင်က ဟုတ်မှန်ကြောင်း အတည်ပြုလိုက်သည့် အခါ သူက လုံးဝပင် ပြောစရာစကားတို့ စွံ့အသွားရသည်။ ထို့နောက် ဖန်ရှင်းက ချက်ချင်း မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ပြီး သူတော်စင်အား ကြည့်ကာ...

" သူတော်စင် ခုံးမင်က ရှန့်ရှောင်းကျောင်းတော်ရဲ့ မျိုးဆက် ဇောင်ဖန်ရှင်းက အရိုအသေပြုပါတယ်၊ အခုလိုမျိုး မထင်မှတ်ဘဲ တွေ့ရတဲ့အတွက် အတိုင်းမသိကို ဝမ်းသာမိပါတယ် "

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now