အခန်း (၄၄) ပြန်လည် ဆုံဆည်းခြင်း

1.4K 137 2
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၄၄) ပြန်လည် ဆုံဆည်းခြင်း

          ဖန်ရှင်းက ကောင်းကင်ထက်တွင် တစ်ကိုယ်တော် ပျံသန်းရင်း သွားလာနေသည်။ မိုးပျံ ငှက်ကလေးများသည် သူ၏ ဘေးမှနေ၍ သွားလာနေပြီး သူက ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အရက်ကိုသာ သောက်၍နေ၏။ အချိန်သည် ညနေခင်းသို့ ရောက်ရှိနေပြီး နေလုံးနီနီသည် အနောက် မိုးကုတ်စက်ဝိုင်း အသွင်းသို့ လေးတွဲစွာဖြင့် ဝင်ရောက်၍ နေသည်။ ဖန်ရှင်းက သေရည်အိုးထဲမှ သေရည်များကို တစ်ငုံခန့် ငုံလိုက်ပြီး အောက်ကို အသာငုံ့ကြည့် လိုက်သည်။ ယခု သူက တျန်ယွမ်တိုက်ကြီး အတွင်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။

" အထီးကျန် သူရဲကောင်းသည်
ဓားပျံကို စီးရင်း ကောင်းကင်ထက်တွင်
အထီးကျန်စွာ သွားလာနေ၏
သူ့တွင်အဖော် မရှိ
အဖော်ဟူ၍ သေရည်အိုးသာ ရှိ၏
အထီးကျန် သူရဲကောင်းသည်
ဝေဟင်ကို ခွဲခြမ်းရင်း
တစ်ကိုယ်တော် ထွန်းလင်း တောက်ပနေ၏ "

          ဖန်ရှင်းသည် စာပေ ပညာရှင် ချူးဝူ၏ ကဗျာမှ ဒုတိယအပိုဒ်ကို ဆက်လက်၍ ရွတ်ဆိုလိုက်သည်။ သူ့အသံက လေနှင့် အတူသူ့အနားမှ တဖြည်းဖြည်း မျောလွင့်၍ သွားလေသည်။ သူက ကဗျာကိုဆိုနေရင်း ကဗျာ၏ အနှစ်သာရနှင့် အဓိပ္ပါယ်ကို တဖြည်းဖြည်း နားလည်လာသည်ဟု ခံစားရသည်။

          သူ့ခန္ဓာကိုယ်သည် တစ်ချက် တုန်ရင်သွားပြီး ကိုယ်တွင်းမှ ခပ်အုပ်အုပ် အသံတစ်ခု ထွက်ပေါ်လာသည်။ သူက သေရည်သောက်နေရင်း မျက်လုံးတို့က ဝိုင်းစက်သွားသည်။ နားလည်မှုတစ်ခုက အဘယ့်ကြောင့် သူ့ကို အဆင့်တစ်ခု မြင့်တက် သွားရပါသနည်း။

"​ ရွှေအမြုတေ အဆင့် "

         သူ့မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာပြီး သေရည်ကို ဆက်သောက်လိုက်သည်။ ရွှေအမြုတေ အဆင့်သို့ ရောက်သည့်အခါ သူ၏ အာရုံငါးပါးက ပို၍ ကျယ်ပြန့်ကာ ထင်ရှားလာသည်။ သူ၏ စိတ်ဝိညာဥ် အာရုံက မီတာသုံးထောင်အထိ ကျယ်ပြန့်သွားပြီး အမြင်အာရုံသည်လည်း ပို၍ စူးရှလာ၏။ ထို့နောက်တွင် သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now