ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၃၇) လှေငယ်လေးအတွင်း
ယနေ့သည် ကောင်းကင်ပြက္ခဒိန်၏ နှစ် ၁၀၀၀၀၀ ပြည့်သည့်နေ့ပင်။ ထို့အတွက်ကြောင့် နှစ်သစ်ကို ကြိုဆိုရန်အတွက် တျန်ယွမ်တိုက်ကြီး အတွင်း နေထိုင်ကြသော လူအားလုံးက အနီရောင် မီးအိမ်ငယ် ကလေးများကို အိမ်တိုင်း, အိမ်တိုင်း၏ ရှေ့၌ ကိုယ်စီကိုယ်ငှ ချိတ်ဆွဲ၍ ထားကြလေ၏။ ထိုအလေ့အထသည် လွန်ခဲ့သည့် နှစ်များစွာ ကတည်းက နှစ်သစ်ကို ကြိုဆိုကြသည့် အလေ့ အထတစ်ခုပင် ဖြစ်ပြီး နှစ်သစ် တစ်ခုသို့ ကူးပြောင်းတော့မည့် ရှေ့ပြေး အရိပ် အယောင်လည်း ဖြစ်ချေ၏။ ထို့နေ့တွင် အဝေးသို့ ရောက်နေကြသည့် လူအားလုံးက နေရပ်သို့ ပြန်ကာ မိသားစုနှင့်အတူ နှစ်သစ်ကို ကြိုဆိုကြသည်။ ထိုနေ့သည် အိမ်တိုင်း အတွက် မိသားစု စုံညီသည့် နေ့လည်း ဖြစ်ပေ၏။
ယနေ့ တျန်ယွမ်တိုက်ကြီး အတွင်းရှိ အင်အားစု တစ်စုဖြစ်သည့် သူတော်စင် နယ်မြေတွင် လူအများက ပျားပန်းခတ်မျှ သွားလာနေကြသည်။ ထိုလူ အားလုံးက တိရိစ္ဆာန်ငယ်များအသွင် ဝါးဖြင့် အရုပ်ချိုးထားသည့် ရောင်စုံ မီးအိမ် ကလေးများကို ကိုင်ထားကြပြီး သူတော်စင် နယ်မြေရှိရာသို့ ဦးတည်၍ သွားနေကြသည်။ နှစ်သစ်တစ်ခုသို့ ရောက်သည့်အခါတိုင်း သူတော်စင်နယ်မြေတွင် ဆုတောင်းပွဲ ပြုလုပ်လေ့ရှိသည်။ ထိုဆုတောင်းပွဲ အပြီးတွင် မီးအိမ်မျှောခြင်းနှင့် မီးပုံးလွှတ်ကာ ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ ရိုးရာအလေ့အထ တစ်ခုဖြစ်သည့်အတွက် လူအားလုံးက ထိုဆုတောင်းပွဲတွင် သေချာပေါက် ပါဝင် ဆင်နွှဲကြရပေမည်။
ယခု ရောင်စုံမီးအိမ် ကလေးများနှင့် အရောင်အသွေး စုံလင်လှသည့် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည့် ယောကျ်ား မိန်းမများက သူတော်စင် နယ်မြေရှိရာ သွားရာ လမ်းမထက်၌ လူပင်လယ်ကြီး ကဲ့သို့ ကြိတ်ကြိတ်တိုးအောင် စည်ကား သွားလာနေသည်။ ထိုလူအုပ်ကြားထဲတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည့် အမျိူးသား နှစ်ယောက်က ဘေးချင်းယှဥ်၍ လျှောက်လှမ်း နေကြသည်။ သူတို့နှစ်ဦး၏ လက်ထဲ၌ အဖြူရောင် စက္ကူဖြင့် ပြုလုပ်ထားသော ယုန်မီးအိမ် ငယ်ကလေး တစ်လုံးစီကို ကိုင်ဆွဲ၍ ထားကြသည်။ ယုန်မီးအိမ် ငယ်ကလေးကို အတွင်းမှ မီးထွန်းထားသည့်အတွက် ဆီစိမ်စက္ကူ၌ ရေးထိုးထားသည့် အနက်ရောင် စာလုံးက မီးအလင်းရောင်နှင့် အတူ ထင်ရှားစွာ ထွက်ပေါ်နေသည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)