အခန်း (၁၅) ယီရှီချန်း Vs ဖန်ရှင်း

2K 224 0
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၁၅) ယီရှီချန်း Vs ဖန်ရှင်း

​ ယှဥ်ပြိုင်မှုက လျှင်လျှင်မြန်မြန်နှင့်ပင် ပြီးဆုံးသွားသည်။ မည်သူမျှ မနိုင်သလို မည်သူမျှလည်း မရှိပေ။ ထို့နောက် အခြားသော ဂိုဏ်းများမှ လူငယ်ကျင့်ကြံသူများက မိမိစိတ်ကြိုက် ပြိုင်ဘက်ကိုရွေးချယ်၍ ယှဥ်ပြိုင်ကြသည်။ ယခုအချိန်အထိ လူငယ် ပါရမီရှင်လေးဦးလုံးက တိုက်ခိုက်ခြင်း မရှိသေးပေ။ တိုက်ခိုက်ခြင်း မရှိခြင်းက သူတို့၏ အဆင့်ကို သူတို့က လက်ခံထားကြသော​ကြောင့်ပင်။ ထိုစဥ် ယန်မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး စင်မြင့်ရှိရာသို့ လျှောက်လှမ်းလာသည်။ ပုခုံးတွင် ဧရာမဓားကြီးကို ထမ်းတင်ထားပြီး လေးပင် လှစွာသောခြေလှမ်း တို့ဖြင့် မည်သူကိုမှ ဂရုမစိုက်ဘဲ စင်မြင့်ထက်သို့ တက်သွားသည်။ ထို့နောက်...

" ကျုပ်က ယန်မိစ္ဆာဂိုဏ်းက ယီရှီချန်းပါ၊ လူငယ်ပါရမီရှင်တွေရဲ့ နံပါတ်တစ် ဖြစ်တဲ့သူက ဘယ်လောက်အထိ အစွမ်းထက်လဲ သိချင်တယ် သင်ပြပေးပါအုံး "

ယီရှီချန်းက ကြီးစိုးခြင်း ကျောင်းတော် ဘက်သို့ကြည့်၍ အေးစက်စွာပြုံးကာ ပြောလိုက်သည်။ သူ့စိန်ခေါ်မှုကြောင့် ကျောင်းတော်သားများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အချို့သော ကျောင်းတော်သားများက ဒေါသနှင့်အတူ ဆဲရေးကြပြီး ယီရှီချန်းအား မီးတောက်နေသော ဒေါသမျက်လုံးများနှင့် ရပ်ကြည့်နေကြလေသည်။ လုပုချွင်သည် မျက်လုံးမှိတ်ထားရာမှ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက်တွင် သက်ပြင်းကို လေးတွဲစွာ ချလိုက်ပြီး စင်မြင့်ထက်သို့ ဖနောင့်တစ်ချက်ပေါက်ကာ ခုန်တက်သွားလေသည်။

" မင်းက အတော် သတ္တိရှိတာပဲ ဆိုးယုတ်တဲ့ မိစ္ဆာတွေ မင်းကိုယ်တိုင်က လိုလိုလားလားနဲ့ စိန်ခေါ်မှတော့ ငါက လူငယ်ပါရမီရှင် လေးဦးထဲမှာ ဘာကြောင့် ထိပ်ဆုံးဖြစ်နေရသလဲ ဆိုတာ ဒီနေ့သက်သေပြပေးမယ် "

လုပုချွင်က ယီရှီချန်းအား ကြည့်၍ ပြောလိုက်သည်။ ထို့နောက်တွင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး နှစ်ဖက်သွားဓားကို ထွက်ပေါ်စေလိုက်သည်။ ယခုစင်မြင့်ထက်၌ လူနှစ်ဦးက တည်ငြိမ်စွာ ရပ်နေကြသည်။ တစ်ယောက်က လေးပင်သောဓားကြီးကို ထမ်းထားပြီး အခြားတစ်ယောက်က ထက်ရှသော နှစ်ဖက်သွားဓားကို ကျစ်လျစ်စွာ ကိုင်၍ ထားလေသည်။ ထို့နောက်...

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now