ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၄၂) ဆရာလား
ယခု ဖန်ရှင်းနှင့် သူ၏ မိဘနှစ်ပါး စလုံးက ဇောင်ကလန်၏ မိသားစု ခြံဝန်းအတွင်း၌ ရှိ၍ နေကြသည်။ ဇောင်ပင်မကလန်၏ ဘိုးဘေးခန်းမက ပျက်စီးသွားပြီ ဖြစ်သော်လည်း သာမန်အဆောက်အဦး များက ကျန်ရှိနေဆဲပင်။ ဖန်ရှင်းသည် ကြမ်းပြင်ထက်၌ ဒူးထောက်လိုက်ပြီး မိဘနှစ်ပါးကို ဦးညွှတ်လိုက်သည်။ သူ၏ မိခင် ကျူးယွဲ့၏ မျက်ဝန်းမှ မျက်ရည်များ စီးကျနေသည်။ ဇောင်ချင်ကတော့ ယောကျ်ားတစ်ယောက် ဖြစ်သည့်အတွက် အတတ်နိုင်ဆုံး မျက်ရည်မကျအောင် ထိန်းချုပ်ထားသည်။ သို့သော်လည်း သူ့မျက်ဝန်းတွေကတော့ ဝမ်းနည်းရိပ်များ ထင်ကျန် နေဆဲပင် ဖြစ်လေ၏။
" ရှင်းအာ အမေ့သားလေး နောက်ဆုံးတော့ သားက လူကြီးတစ်ယောက် ဖြစ်လာပြီပဲ၊ ဒီလိုနေ့မျိုးကို မြင်တွေ့ခွင့်ရတဲ့အတွက် အမေသိပ်ကိုပျော်တယ် "
ဖန်ရှင်း၏ အမေ ကျူးယွဲ့က မျက်ရည်များဖြင့် ပြောသည်။ ဇောင်ချင်သည် သူ့ဇနီး၏ လက်ကို အသာဆုပ်ကိုင်ရင်း နှစ်သိမ့်သည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ သားက ယခုကဲ့သို့ ရင့်ကျက်လာသည့်အခါ သူသည်လည်း ဝမ်းသာမိသည်။ ဖန်ရှင်းက သူ့ဖခင်အား ကြည့်လိုက်သည်။ အမြဲတမ်း သုန်မှုန်နေကာ ဆူပူတတ်သော သူ၏ဖခင်သည် ယခုအခါ၌ ထူးထူး ခြားခြား တိတ်ဆိတ်နေသည်။
" ရှင်းအာ နောက်ဆုံးတော့ မင်းက တကယ်ပဲ ကြီးရင့်လာခဲ့ပြီ "
ဇောင်ချင်က ထိုမျှသော စကားကိုသာ ပြောခဲ့သည်။ ဖန်ရှင်းသည် သူ့ဖခင်ရှိရာသို့ သွားကာ ဖခင်အား ဖက်တွယ်လိုက်သည်။ သူ၏ ဖခင် ဇောင်ချင်သည် သူ့အား ဖက်တွယ်လိုက်ပြီးနောက် သူ့ပုခုံးကို အသာပုတ်၍...
" အင်မော်တယ် တစ်ယောက်က မျက်ရည် မကျသင့်ဘူး "
ထိုစကားကို ဇောင်ချင်က တောက်ပစွာ ပြုံး၍ ပြောလိုက်ခြင်း ဖြစ်သည်။ သူ့ဖခင်၏ စကားကို ကြားသည့်အခါ ဖန်ရှင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ယခု သူတို့ မိသားစုကလေးက ပြန်လည် ပေါင်းစည်းသွားပြီး ပျော်ရွှင်နေကြ လေသည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)