အခန်း (၆) ဒါက နားလည်မှု လွဲတာပါ

2.6K 310 18
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ် နေတယ်

အပိုင်း (၆) ဒါက နားလည်မှု လွဲတာပါ

နှစ်လဟူသော အချိန်က လျှင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ သူ့ကို ဆရာ ပေးထားခဲ့သည့် အချိန် ပြည့်ရန် တစ်လသာ လိုတော့သည်။ ယခု အချိန်အထိ သူ့ကျင့်ကြံခြင်းက ချီအဆင့် အစပျိုး အဆင့်၌သာ ရှိနေသေးပြီး ချီ အလယ် အလတ် အဆင့်သို့ ရောက်ရန် လမ်းစကို ရှာဖွေနေတုန်းပင် ရှိသေးသည်။ ချီစွမ်းအင် အဆင့်ကို ကျော်လွန်ပြီး အခြေတည် အဆင့်ကို ရောက်ရန် လမ်းစက အတော်ကလေး ဝေးသေးသည်။ သူက မည်သို့ ​ကြိုးစားရပါမည်နည်း။ သူ့ရှေ့မှ သေတ္တာကလေးထဲတွင် ချီအဆင့်တက်ဆေးလုံး တစ်လုံးသာ ​ကျန်တော့သည်။ ထိုအရာက သူ့အတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပြီး အကယ်၍ သူသာ ကျရှုံးခဲ့ပါက ရှန့်ရှောင်း ကျောင်းတော်မှ ကန်ထုတ်ခြင်းကို ခံရလိမ့်မည်။

" ငါမှ စမ်းမကြည့်ရသေးတာ စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူး၊ ငါက ကြိုးစားကြည့်ရမယ် ဖန်ရှင်း မင်းက သေချာပေါက် တစ်လအတွင်း အခြေတည် အဆင့်ကို ရောက်ရမယ် "

သူက သူ့ကိုယ်သူ သတိပေးလိုက်ပြီး သေတ္တာထဲမှ ချီအဆင့်တက် ဆေးလုံးကိုယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆေးလုံးက လျှာပေါ်တွင် ချက်ချင်း ပျော်ဝင် သွားပြီး အေးမြမှုက ခန္ဓာကိုယ်အနှံ့ ပြန့်သွားသည်။ သူက မျက်လုံးကို မှိတ်လိုက်ပြီး ချီကျင့်ကြံခြင်း နည်းစနစ်ကို စတင် အသက်သွင်းလိုက်သည်။

ပတ်ဝန်းကျင်ရှိ လေထုက ရပ်တန့်သွားပြီး သဘာဝ စွမ်းအင်များက လှုပ်ခတ်လာသည်။ သန့်စင်သော သဘာဝ စွမ်းအင်များသည် ဖန်ရှင်း၏ စုပ်ယူခြင်းကို ခံနေရသည်။ တစ်ပတ်လုံးလုံး သူက ထိုနေရာမှ မထဘဲ ကျင့်ကြံနေသည်။

" ဝုန်း..."

ရုတ်တရက် သူ့ကိုယ်တွင်းမှ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးများက အပြင်ဘက်သို့ ထွက်လာသည်။ ချီအဆင့်၏ ပထမအဆင့်သည် အရိုးပြုပြင်ခြင်း ဖြစ်ပြီး ဒုတိယအဆင့်က ခန္ဓာကိုယ် သန့်စင်ခြင်းပင် ဖြစ်သည်။ ယခု သူ့ခန္ဓာကိုယ်မှ ထူးခြားမှုကို မြင်တွေ့လိုက်ရသည့်အခါ ဖန်ရှင်းက လှိုက်ကနဲ ပျော်သွားသည်။ နောက်ဆုံးတော့ သူက ချီအလယ်အလတ် အဆင့်ကို ရောက်ရှိသွားချေပြီ။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now