ာငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၂၅) မမေ့နိုင်စွာသော
ကျေးငှက် ကလေးများ၏ တစာစာ အော်မြည်နေသော အသံနှင့် ရေစီးကျသံများက ထိုနေရာတစ်ဝိုက် ညင်ညင်သာသာ တိုးတိုးသဲ့သဲ့ကလေး ထွက်ပေါ်နေသည်။ ထိုအသံများ၏ အောက်တွင်တော့ တစ်ချက်တစ်ချက် လေသင့်တိုင်း လွင့်ပျံလာသည့် ခပ်တိုးတိုး ညည်းညူသံ များကလည်း ရှိနေ၏။ ထိုအရာကား အခြားမဟုတ်။ ရေတံခွန်၏ အောက်ခြေ ချောင်းစပ်ကလေး၏ ကမ်းနဖူးပေါ်တွင် နှစ်ယောက်သား လုံးထွေးနေကြသည့် သွမ့်ယွီတို့ ဆရာတပည့် ထံမှ ဖြစ်သည်။ ယခု သွမ့်ယွီသည် ဖန်ရှင်း၏ ခန္ဓာကိုယ် အထက်၌ ရောက်နေသည်။ သူတို့နှစ်ဦးက ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်ဘဲ အရာတစ်ခုတည်းကိုသာ အာရုံ စူးစိုက်၍ ထားကြ၏။
ထိုအခြေအနေက အနည်းငယ် ပြောရခက်ချေသည်။ နေရောင်အောက်တွင် နှစ်ဦးသားက ခန္ဓာကိုယ်မှ အဝတ်ကင်းမဲ့နေကာ ဗလာကျင်းနေ ကြသည်။ ရှိုက်သံ၊ ညည်းသံတို့ကလည်း တဖြည်းဖြည်း တိုးရာမှ ကျယ်လောင်၍ လာ၏။ အခြေအနေကား အနည်းငယ် အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟုပင် ပြော၍ရ၏။ ရမက်နှင့် အာသီသ ထိုဆန္ဒနှစ်ခု၏ ထိန်းကျောင်းရာသို့ သွမ့်ယွီတို့ ဆရာတပည့် နှစ်ဦးက မလွဲမချော်စွာဘဲ လိုက်ပါနေကြ ရှာသည်။
ဖန်ရှင်း၏ မျက်နှာက မင်သေနေသည်။ ထို့အတူ သူ့မျက်နှာကလည်း နီရဲ၍လာပြီး ခန္ဓာကိုယ် အပူချိန်က တိုးပွား၍လာ၏။ ခန္ဓာကိုယ် အပူချိန် တိုးပွားလာသည်နှင့် တပြိုင်နက် သူက အထက်၌ရှိနေသည့် သွမ့်ယွီ၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ဆွဲလှဲချလိုက်သည်။ သေချာပြီ... ။ သူ သွမ့်ယွီကို...။
" ရှင်းအာ...ညင်သာပါ "
သွမ့်ယွီသည် ယခုအချိန်၌ ဖန်ရှင်း မည်သို့သော အရာကိုအလိုရှိနေပြီ ဖြစ်ကြောင်း သူသိလိုက်သည်။ ပထမတစ်ကြိမ်က သူ့စိတ်မပါဘဲ ပေးလိုက်ခြင်း ဖြစ်ပြီး ယခု ဒုတိယအကြိမ်တွင်တော့ သူက စိတ်ရောကိုယ်ပါ ပေးအပ်လိုက်ခြင်း ဖြစ်သည်။ သူက ဖန်ရှင်းကို ညင်သာဖို့အတွက် ပြောဆိုလိုက်ပြီးနောက် မျက်လုံးကို အသာအယာ မှိတ်လိုက်သည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)