ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၂၃) အသက်ရှင်ခွင့်
သွမ့်ယွီက ဝတ်ရုံစ၏ အရှေ့နားကို လက်နှစ်ဖက်နှင့် အသာပင့်ကာ မယူလိုက်ပြီး နေရာမှ ထလိုက်သည်။ ထို့နောက်တွင် ဖန်ရှင်း၏ အနားသို့ သွား၍ ဖန်ရှင်း၏ ပါးပြင်ထက်မှ လိမ့်ဆင်းကျလျက်ရှိသည့် မျက်ရည်စတို့ကို သူ့လက်ညှိုးကလေးနှင့် အသာတို့ကာ သုတ်လိုက်သည်။ ဖန်ရှင်း၏ မျက်ဝန်းတို့က ညို့မှိုင်းနေသည်။ သူက ပြောင်းလဲသွားသည့် ဆရာဖြစ်သူကို ထူးဆန်းစွာ ကြည့်နေ၏။ တကယ်တမ်း သူထင်ခဲသည်က ဆရာ့အပေါ် သူ ကျူးလွန်မှုကြောင့် ဆရာက သူ့ကို သေသည်အထိ အပြစ်ပေးလိမ့်မည်ဟု သူမှတ်ထင်ထားခဲ့သည်။
သို့သော် ယခုတော့ အရာအားလုံးက သူ့အယူအစ လွဲခဲ့ပုံ ပေါ်သည်။ ဖန်ရှင်းက သူ၏ လက်ကို အသာမြှောက်ရင်း ဆရာသခင်၏ ငွေရောင် ဆံနွယ်များကို လက်နှင့် ခပ်ဖွဖွလေး ကိုင်တွယ် လိုက်သည်။ ထို့နောက်...
" ဆရာ ခက်ခဲခဲ့မှာလည်း တကယ်တော့ ရှင်းအာက မကောင်းတာပါ၊ ရှင်းအာ ဆရာ့ကို ဒုက္ခပေးမိခဲ့ပြီ "
" အကြီးအကဲတစ်ယောက်၊ ဆရာတစ်ယောက် အနေနဲ့ ဆရာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ၊ ဘာမှ စိတ်ထဲ ထားမနေတော့နဲ့ အရာအားလုံးက မင်းအဆင်ပြေရင် ပြီးပြီ ရှင်းအာ ဂရုစိုက်ပါ အဟွတ်...အဟွတ် "
ပြောရင်းနှင့် သွမ့်ယွီက ချောင်းဆိုးလိုက်သည်။ သူချောင်းဆိုးသည့် အခါ သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ ဝမ်းဗိုက်ထဲမှ ဆန်တက်လာသော နှလုံးသွေးတို့ကို သူကအတင်း ကြိတ်မှိတ်၍ မြိုချလိုက်သည်။ သူဖန်ရှင်းရှေ့၌ နာကျင်၍ မဖြစ်ပေ။ ထို့အတွက်ကြောင့် သူက အားတင်း၍ ဖိနှိပ်လိုက်သည်။ သို့သော်...
" ဖူး... ဝေါ့ "
သည်းမခံနိုင်သည့် နာကျင်မှုက သူ့ပါးစပ်ထဲမှ သွေးတို့ကို အပြင်သို့ ပြန့်ကြဲသွားစေပြီး သူက သွေးသုံးကြိမ် အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာသည်လည်း စက္ကူဖြူ တစ်ချပ်ကဲ့သို့ ဖြူစွတ်သွားပြီး ငွေ့ငွေ့ကလေးသာ အသက်ရှူနိုင် တော့သည်။ သူက နှုတ်ခမ်းဖျားမှ သွေးတို့ကို လက်နှင့်သုတ်လိုက်ပြီး ကြိုးစား၍ ပြုံးလိုက်သည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)