ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်
အပိုင်း (၁၃) လူငယ် ပါရမီရှင်များ
တျန်ယွမ်တိုက်ကြီး အတွင်း ယနေ့တွင် လူအများ စည်ကားလျက်ရှိသည်။ တူညီဝတ်စုံများနှင့် အရောင်အသွေး စုံလင်စွာ ဝတ်ဆင်ထားကြသည့် ကျောင်းတော်သားများ၊ အုပ်စုဖွဲ့သွားလာနေကြသည့် ကျင့်ကြံသူများ၊ တစ်ကိုယ်တည်း သွားလာနေကြသည့် တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် တျန်ယွမ်တိုက်ကြီးက စည်ကားလျက် ရှိ၏။ တျန်ယွမ်တိုက်ကြီး၏ အလယ်ပိုင်း ဒေသသည် သူတော်စင် နယ်မြေပင် ဖြစ်သည်။ တျန်ယွမ်တိုက်ကြီး၏ နှစ်စဥ်ကျင်းပသော ဂိုဏ်းပေါင်းစုံ ဖလှယ်ပွဲကို ယင်းသူတော်စင် နယ်မြေ ၌သာကျင်းပလေ့ ရှိသည်။ ယခင် နေ့များတွင် သူတော်စင် နယ်မြေက ငြိမ်သက်နေသော်လည်း ယခုတော့ ကျင့်ကြံသူများစွာ နှင့် စည်ကားကာ ရှုပ်ထွေး ပွေလီလျက် ရှိလေသည်။
တျန်ယွမ် တိုက်ကြီးတွင် အဓိကအားဖြင့် ကျင့်ကြံရေး ကျောင်းတော် သုံးခုရှိသည်။ ယင်းတို့မှာ ရှန့်ရှောင်းကျောင်းတော်၊ ကြီးစိုးခြင်းကျောင်းတော်၊ ကျောင်းတော် နှင့် နတ်မိမယ် ကျောင်းတော်ဟူ၍ ဖြစ်သည်။ ရှန့်ရှောင်း ကျောင်းတော် နှင့် ကြီးစိုးခြင်း ကျောင်းတော်သည် တူညီကြသော်လည်း နတ်မိမယ်ကျောင်းတော် သည်တော့ အခြား ကျောင်းတော်နှစ်ခုနှင့် မတူဘဲ အနည်းငယ် ကွဲပြားသည်။ အကြောင်းမှာ ယင်းကျောင်းတော်မှ သင်ကြားရေး ဆရာသခင်များ၊ ကျောင်းအုပ်များမှအစ တက်ရောက်ကြသော ကျောင်းတော်သား အားလုံးက အမျိူးသမီးများသာ ဖြစ်သောကြောင့်ပင်။ ထို့အတွက်ကြောင့်လည်း ယင်းကျောင်းတော်ကို နတ်မိမယ် ကျောင်းတော်ဟု အမည်မှည့်ထားခြင်း ဖြစ်လောက်ပေသည်။
နတ်မိမယ် ကျောင်းတော်မှ ကျောင်းတော်သားများသည် နာမည်နှင့် လိုက်အောင်ပင် နတ်မိမယ်တမျှ ချောမော လှသည်။ ယင်းကျောင်းတော်မှ သာမန် တံခါးစောင့်သည်ပင် အဆင့်နိမ့် နိုင်ငံငယ်များ၏ အုပ်ချုပ်သူများကို မူးမေ့လဲသွားလောက်အောင် လှပသည်။ သူမတို့၏ အပြုံးတစ်ချက်က ကျင့်ကြံသူအိုကြီးများကိုပင် သမာဓိယိမ်းယိုင်သွားအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ နတ်မိမယ်ကျောင်းတော်၏ အထင်ရှားဆုံးသော နတ်မိမယ်မှာ ကျောင်းတော်၏ နတ်မိမယ်ခုနှစ်ဖော်ထဲမှ နံပါတ်တစ်နတ်မိမယ် ဖြစ်သော နတ်မိမယ် လီရုံချန်းပင် ဖြစ်လေသည်။
YOU ARE READING
ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)