အခန်း (၁၆) ယန်မိစ္ဆာ မျိုးစေ့

2K 229 5
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၁၆) ယန်မိစ္ဆာ မျိုးစေ့

ယန်မိစ္ဆာပညာ...။ ယန်မိစ္ဆာ ပညာရပ် ဟူသည်က မိစ္ဆာ၏ ကျေးကျွန် ပြုခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုလျှင် ယန်မိစ္ဆာပညာရပ်၏ အစစ်အမှန်သည် ယန်မျိူးစေ့ ချခြင်းပင် ​ဖြစ်၏။ ယန်မိစ္ဆာ ပညာရပ်ဖြင့် ယန်မျိုးစေ့ ချခြင်း ခံလိုက်ရသည့် ကျင့်ကြံသူသည် မည်မျှပင် အစွမ်းထက် နေပါဦးတော့ ယန်မျိုးစေ့ ချခြင်းကို ခံလိုက်ရသည့် နေ့မှစ၍ ယန်ဓာတ်ကို တောင့်တသော မိစ္ဆာ၏ ကျေးကျွန် အစွယ်အပွား တစ်ယောက် အဖြစ် ထာဝရ ဆုံးတိုင် ကူးပြောင်းသွား ပေလိမ့်မည်။

နားလည်အောင် ဆိုရလျှင် ယန်မျိုးစေ့ ချခြင်းကို ခံလိုက်ရသည့် ကျင့်ကြံသူသည် ယန်ဓာတ် အားအကောင်းဆုံး ကိန်းဝပ်နေသော ခန္ဓာကိုယ် ဖြစ်သည့် အမျိူးသား၏ ခန္ဓာကိုယ်မှ ယန်ဓာတ်ကို စုပ်ယူဖို့ လိုအပ်သည်။ ထိုသို့စုပ်ယူလိုပါကလည်း ထိုကျင့်ကြံသူသည် လိင်တူချင်း ဖိုမဆက်ဆံဖို့ရန်သာ ရှိသည်။ ထို့အတွက် ယန်မျိုးစေ့ချခြင်း ခံလိုက်ရသူသည် တစ်နည်းအားဖြင့် ယန်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းဝင်အဖြစ် သိမ်းသွင်းခြင်း ခံလိုက်ရခြင်းပင် ဖြစ်၏။ ထိုအချက်ကို နားလည်ထားသည့် ကျိုးသွမ့်ယွီသည် ယန်မိစ္ဆာပညာရပ်ကို ယီရှီချန်း အသုံးပြုသည်ကိုမြင်သည်နှင့် နေရာမှဒေါသတကြီး ထထွက်သွားခြင်း ဖြစ်သည်။

ကျိုးသွမ့်ယွီ​က တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်သည့် အချိန်တွင် ယန်မိစ္ဆာဂိုဏ်းချုပ် ချင်နန်သည်လည်း စင်မြင့်ပေါ်သို့ ရောက်ရှိ၍ နေလေပြီ။ ကျိုးသွမ့်ယွီသည် ချင်နန်အားဒေါသတကြီး ကြည့်လိုက်သည်။ ချင်နန်သည် ကျိုးသွမ့်ယွီ၏ အကြည့်ကို လျစ်လျူရှူ့ကာ အောင်နိုင်သူ တစ်ယောက်၏ အပြုံးမျိုးဖြင့် ပြုံး၍ နေသည်။ ထို့နောက်တွင် သူက သူ့ထံသို့ လှမ်းလျှောက်လာသည့် သူ၏တပည့် ယီရှီချန်းအားကြည့်လိုက်ပြီး မသိမသာခေါင်းညိတ်၍ ပြလိုက်သည်။

ဖန်ရှင်းသည် စင်မြင့်ထက်၌ ပျော့ခွေစွာ လဲကျ၍နေသည်။ ထို့အတူ သူ၏ မျက်နှာသည်လည်း ဖြူလျနေပြီး သတိလစ်၍ နေ၏။ ဖန်ရှင်း၏ ပုံစံကို မြင်လိုက်ရသည့်အခါ ကျိုးသွမ့်ယွီ၏ ဒေါသက ထိန်းချုပ်မှု လွတ်ကင်းသွားသည်။ ထို့နောက်တွင် မူလပထမ ပြောင်းပြန် ပုလွေကို ခါးကြားမှ ထုတ်လိုက်ပြီး သံစဥ်တစ်ပုဒ်ကို မှုတ်လိုက်သည်။ ထိုသံစဥ်က မုန်တိုင်းထန်သော လမ်းပေါ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပျက်နေသကဲ့သို့ ဝုန်းဒိုင်းကြဲနေ၏။ ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်မထားသည့် ချင်နန်သည် သတိလက်လွတ် ဖြစ်သွားသည်။

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now