အခန်း (၂၁) မျက်ရည်

2.2K 218 1
                                    

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ်

အပိုင်း (၂၁) မျက်ရည်

ကျိုးသွမ့်ယွီသည် ယခု ရေတံခွန်ရှိရာ တောင်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖန်ရှင်း၏ အော်ရာကို အခြေခံရင်း လိုက်လာခဲ့သည်မှာ နောက်ဆုံး ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်။ အခြေအနေက အတော်ကလေး ယောက်ယက်ခတ်နေသည်ဟု ပြော၍ရသည်။ သူက မြေပြင်အနေအထားကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်တွင် တစ်နေရာသို့ အရောက် သူ့မျက်လုံးက ရပ်တန့်သွားသည်။ ထိုအရာက သဲမြေများ ဖြစ်ပြီး ထိုသဲမြေပေါ်တွင် သွေးစက်အချို့ ရှိနေသည်။ ထိုသွေးစက်တွေက သေချာပေါက် ဖန်ရှင်း၏ သွေးစက်များ ဖြစ်ကြောင်း သူသိ၏။ ဖိုအသိတရား သူ့ခေါင်းထဲ ဝင်ရောက်လာသည့် အခါ သူက စိုးရိမ်စိတ် ကြီးစိုး သွားသည်။

စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်နှင့် သူက မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားကာ တောအုပ်၏ အစပ်သို့ ရောက်ရှိသွားသည်။ ထို့နောက်တွင် သူက မည်သည့်အတွေးကိုမျှ မတွေးတော့ဘဲ တောအုပ်အတွင်းသို့ ဝင်သွားလိုက်လေသည်။ တောအုပ်က တိတ်တိတ်ငြိမ်သက်နေသည်။ သားရဲတို့၏ အသံများကတော့ အဝေးမှ တစ်ချက်တစ်ချက် ထွက်ပေါ်လာသည်။ သူကဲ့သို့သော လူတစ်ယောက်အတွက် မည်သည့်အရာကိုမျှ ဂရုစိုက်နေစရာ မလိုချေ။ ဤတောအုပ်အတွင်းမှ သားရဲများက သူ့ကိုအသက်အန္တရာယ် ခြိမ်းခြောက်နိုက်စရာ ဘာတစ်ခုမျှ မရှိချေ။

ထို့အတွက်ကြောင့် သူက လေ၏ အလျှင်အတိုင်းပင် အရိပ်တစ်ခုပမာ ပျံသန်း၍ သွယးသည်။ တဖြည်းဖြည်းတောက ပို၍ နက်လာသည်။ သို့သော်ငြား ယခုအချိန်အထိ ဖန်ရှင်း၏ အော်ရာ အပိုင်းအစ ကလေးကိုပင် သူ့အာရုံထဲ ခံစားမိခြင်း မရှိ။ ထို့အတွက်ကြောင့် သူက ရှေ့သို့ ဆက်ကာ ပျံသန်းသွားလိုက်သည်။ ထိုစဥ် သူ၏ ခါးတွင်ချိတ်ထားသော မူလ ပထမ ပြောင်းပြန် ကျောက်စိမ်းပုလွေက အနည်းငယ်တုန်ခါ သွားသည်ကို သူက ခံစားမိလိုက်သည်။ ထို့အတွက်ကြောင့် ပျံသန်းမှုကို ရပ်လိုက်ပြီး ကျောက်စိမ်း ပုလွေကိုခါးမှ ဖြုတ်ယူလိုက်၏။

" မူလ ပထမ ပြောင်းပြန် နိယာမရဲ့ ဆက်သွယ်ချက်က တုန့်ပြန်မှုပဲ၊ ဒါဆို ရှင်းအာက ဒီအနီး အနားမှာ သေချာပေါက် ရှိရမယ် "

ငါ့တပည့်လေးက ငါ့ကို ကြိတ်ချစ်နေတယ် (Complete-BL)Where stories live. Discover now