"စောင့်နေရတာကြာပြီလား ကိုကြီး"
ကျောင်းရှေ့မှာ ကားကိုမှီ၍ ရပ်နေသော အကိုဖြစ်သူအားတွေ့၍ ခွန်ဆက်ချိုပြောလိုက်သည်
"မကြာသေးဘူး"
ဆက်အမေးအား တုံးတိပြန်ဖြေသော လူကြီးအား ဆောင်းတစ်ယောက် ကြည့်လိုက်မိသည်
အသားညိုညို ခန္ဓာကိုယ်အချိုးအစားက Gymတော်တော်ဆော့ထားမှန်း သိသာအောင် အချိုးအစားကျလွန်းလှသည် ၆ပေကျော်အရပ်ကြီးနှင့် အနောက်တိုင်းဝတ်စုံအနက်ရောင်ကို စမတ်ကျကျဝတ်ထား၍ ရင်ဘတ်နားက အကျီကြယ်သီးနှစ်လုံးကိုဖြုတ်ထားသေးကာ ကားကိုကျောမှီရပ်နေပုံမှာ တော်တော်တော့ဆွဲဆောင်မှုရှိလှသည်
"ဟဲ့ ဆောင်း ဆောင်း ဟဲ့ရေ မတ်တပ်ကြီး သေသွားပြီလားဟဲ့"
ဆောင်းတစ်ယောက် ထိုလူကြီးအားကြည့်ကောင်းကောင်းနဲ့ ကြည့်မိနေတာ ဘယ်လောက်ကြာသွားလဲ မသိ ဘေးကဆက်ခေါ်မှသာ သတိပြန်ကပ်လေသည်
"ဟမ် ဘာလဲပြောလေ"
ဆက်သူခေါ်နေတာကို အရေးမလုပ်ဘဲကျောက်ရုပ်ကြီးလိုရပ်ကာ သူအကို့အားစိုက်ကြည့်နေသော ဆောင်းကြောင့် ခေါင်းထဲအတွေးတစ်ချို့ဝင်လာကာ ပြုံးစစတောင်ဖြစ်မိသွားသည်
"အဟမ်း ငမ်းတာလည်းဖြည်းဖြည်းငမ်းပါအေ လိုချင်ရင်လည်းပြောလေ ငါပေးစားမှာပေါ့ ငါ့အကိုနဲ့ယူရင်ငါကနင့်ခယ်မဖြစ်သွားပြီနော် နောက်ဆိုရိုရိုသေသေဆက်ဆံ"
"ဘောကိုခယ်မ ဘာကိစ္စ နင့်အကိုနဲ့ယူရမှာလဲ သေလေ ငါကမိန်းမပဲယူမှာ"
"အမ် နင်ခုနကငါ့အကိုကိုကြည့်နေလိုက်တာများ မပြောလိုက်ချင်ဘူးနော် နင့်မျက်လုံးကြီးကျွတ်ကျပြီး ငါ့အကိုမျက်နှာမှာ သွားကပ်နေမှာတောင်စိုးရတယ်"
"ဟာ ငါ...ငါက နင့်အကိုကိုချောလို့ ကြည့်မိတာဟ ငါကမိန်းမပဲယူမှာ ယောကျ်ားလေးတွေစိတ်မဝင်စားဘူး"
"အေး အခုတော့ ပြောထားဦးပေါ့ နောက်မှငါ့အကိုမှအကိုဖြစ်နေရင် ပေးစားပစ်မှာ"
"ဟမ် သတ်ပစ်မှာ မဟုတ်ဘူးလား"
"သတ်စရာလားဟဲ့ ပေးကိုပေးစားပစ်မှာ အခုတောင်ပေးစားချင်နေပြီ ငါ့အကိုနဲ့နင်ကတော်တော်တော့လိုက်သားဟ"
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...