Part-13(Unicode)

836 37 0
                                    

ရက်သတ္တပတ်ကြာပြီးနောက်

"သား ဘာဝယ်စရာကျန်သေးလဲ"

"ခဏလေး မေမေ သားစစ်လိုက်ဦးမယ်"

"အင်း"

ဆောင်းတို့ သားအမိ လိုအပ်တာများဝယ်ရန် ကုန်တိုက်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည် ဆောင်းလည်း ဝယ်ထားသောပစ္စည်းများအား ပြန်စစ်ဆေးလိုက်ပြီး

"မလိုတော့ဘူး မေမေ အကုန်စုံပြီ"

"အင်း အဲ့တာဆို ပြန်ကြတာပေါ့"

"ဟုတ်ကဲ့"

ဆောင်းနဲ့ မေမေလည်း အထုတ်များကို သယ်ကာ ကုန်တိုက်မှထွက်ရန် ခြေလှမ်းပြင်လိုက်ချိန်

"ဟင်"

'ဟိုမှာ ရပ်နေတာ လူကြီးလား ဒီလူကြီး ပြန်ရောက်နေတာလား ဆက်လည်းငါ့ကိုဘာမှမပြောပါဘူး သူ့ဘေးမှာလဲ ကောင်မလေးတစ်ယောက်နဲ့ပါလား ဆက် တော့မဟုတ်ဘူး ငါလူမှားတာနေမှာပါ သူ့ဘာသာပြန်ရောက်ရောက် မရောက်ရောက် ငါနဲ့မှမဆိုင်တာ'

"ဟဲ့ သား ဘာတွေငေးနေတာလဲ"

ဒေါ်ပန်းသခင် လမ်းလျှောက်လာရင်းမှ ဘေးမှာ သူမသား မပါလာတာကြောင့် နောက်ကိုလှည့်ကြည်မိတော့ နေရာမှာ ကျောက်ရုပ်လို တောင့်တောင့်ကြီး ရပ်နေကာ တစ်ခုခုကိုငေးနေသော သားကြောင့် သူမလည်းလျှောက်နေရာမှရပ်ကာ သူမသားကို အသံပြုလိုက်တော့

"ဗျာ ဘာမှမဟုတ်ပါဘူး မေမေ"

"အဲ့တာဆို လာလေကွယ် သွားကြမယ်"

"ဟုတ်ကဲ့"

"အန်တီပန်း"

"ဟယ် သားဇိုင်း"

ဆောင်းတို့လမ်းလျှောက်လာရင်း ခေါ်သံတစ်ခုကြောင့် နောက်လှည့်ကြည့်တော့ ခုနက အဝတ်တွေရောင်းတဲ့ဘက်မှာ တွေ့လိုက်တဲ့ဟိုလူကြီး

'ဒီလူကြီး တကယ်ပြန်ရောက်နေတာလား'

"အန်တီ နေကောင်းတယ်နော်"

"ကောင်းပါ့ရှင် မတွေ့ရတာဘယ်လောက်ကြာပြီလည်း ဆက်လေးနဲ့ အိမ်ကိုလာပြီးထဲက မတွေ့ရတော့တာမလား"

"ဟုတ်တယ် အန်တီ ကျွန်တော်လည်း အလုပ်ကိစ္စတွေနဲ့ရှုပ်နေပြီး ခရီးထွက်နေတာ ဒီကိုပြန်ရောက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်"

ကိုယ်ချစ်သောဆောင်း   (Completed)Tahanan ng mga kuwento. Tumuklas ngayon