"ရောက်ပြီ ဆင်းတော့"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
" မလိုဘူး "
'ဒီလူကြီးကတော့ ငါဆွဲထိုးမိတော့မယ် ခန္ဓာကိုယ်ချင်း မမျှလို့ ကံကောင်းသွားတယ်မှတ် ဟွန့်'
ဆောင်း စိတ်ထဲကနေ ပြောရင်း ကားတံခါးဖွင့်၍ ခပ်မြန်မြန်ဆင်းလိုက်ကာ ဆိုင်ထဲကို မပြေးရုံတမယ် ဝင်လာလိုက်သည်
"ဟဲ့ ဆောင်း ဘယ်လိုတွေဖြစ်လာတာလဲ နင်နောက်က ကျားလိုက်လာလို့လား အသည်းအသန် ပြေးလာရအောင်"
ဆက် Jdonut ဆိုင်မှာထိုင်နေရင်း အသည်းအသန် ပြေးဝင်လာတဲ့ ဆောင်းကြောင့် ဘာဖြစ်တာလဲ မေးလိုက်တော့
"ကျားထက် ပိုဆိုးလို့ဟ"
"ဟမ်"
ဆောင်းပြောတာကို သူမ နားမလည်လိုက်သော်လည်း ဆိုင်တံခါးဖွင့်ကာ အေးဆေးလျှောက်လာတဲ့ သူမကိုကြီးနဲ့မမနွယ်ကို တွေ့မှ ဆောင်း ဆိုလိုချက်ကို သိလိုက်သည် ဆောင်းကတော့ ဆိုင်အဝင်ဝကို ကျောပေးထားတာကြောင့် သူမအကို လာနေတာကို မသိဘဲ အရှေ့က ရေကိုသာ မဲသောက်နေလေသည်
"ကိုကြီး ဇိုင်း"
"ဖူး.....အဟွတ် အဟွတ်"
"ဟဲ့ ရရဲ့လား ဖြည်းဖြည်းသောက်လေဟယ် ရေမသောက်ဖူးတဲ့ အတိုင်းပဲ"
ဆိုင်ထဲ ခပ်သုပ်သုပ်ဝင်လာရင်း ဆိုင်ထောင့်က ထိုင်ခုံမှာ ထိုင်နေတဲ့ ဆက် စီသွားကာ ခုံမှာဝင်ထိုင်လိုက်ရင်း ရွဲ့ကာမေးနေသောဆက်ကို အဖြေမြန်မြန်ပေးလိုက်ကာ လူကမောလာတာကြောင့် အရှေ့မှာချထားတဲ့ ရေခွက်အား မော့သောက်နေခိုက် အရှေ့မှာထိုင်နေတဲ့ဆက်က မိမိအနောက်အား လက်လှမ်းပြကာ ခေါ်လိုက်သော နာမည်ကြောင့် သောက်နေသောရေများပင် အပြင်သို့ပြန်ထွက်ကာ သီးသွားရလေသည်
ဒါကို အလိုက်ကန်းဆိုးမသိတဲ့ တစ်ယောက်က ရေသီးနေတာကို စိုးရိမ်မယ်မရှိဘဲ လာဖဲ့နေတာကြောင့် ဒေါသကထောင်းခနဲထွက်လာကာ
"ရေတော့ သောက်ဖူးတာပေါ့ နင်ခေါ်လိုက်တဲ့ လူ.."
"ကိုယ့်ကို ပြောတာလား"
ဆောင်း စကားပင် မဆုံးလိုက် ဖြတ်ပြောလိုက်သော လူကြောင့် ပြောချင်နေသော စကားများပင် လည်ချောင်းထဲ ပြန်ဝင်သွားရကာ
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...