ကိုယ်ချစ်သောဆောင်း
Part-22
"ခင်ဗျား ဒီအခန်းမှာနေ"
"မနေဘူး"
"အဲ့တာဆို ခင်ဗျားက ဘယ်မှာနေမှာလဲ"
"အကောင်ပေါက် အခန်းမှာ"
"ရမလားဗျ"
"ရတယ်လေ ဘာများခက်လို့လဲ"
"ကျွန်တော်က မရဘူး"
"ကိုယ်က ရတယ်လေ"
"ခင်ဗျား...."
"ကိုယ့်နာမည် ခွန်ဇိုင်းဧကရာဇ် ခင်ဗျားမဟုတ်ဘူး နာမည်ရှည်လို့ မခေါ်ချင်ရင် ကိုကိုလို့ အတိုကောက်ခေါ်လိုက်"
"သေလိုက်ပါလား"
"ဟားးဟားး မင်းလေး ခေါ်ချင်ရင်ပြောတာ"
'လိ့မ မခေါ်ဘူး'
" ဘာပဲဖြစ်ဖြစ် ခင်ဗျား ဒီအခန်းမှာနေ"
"ကိုယ်ပြောပြီးပြီလေ မနေဘူး"
"အဲ့တာဆို အိမ်ပေါ်ကဆင်း"
"ရတယ်လေ ဆင်းဆိုလည်း ဆင်းမှာပေါ့ ဒါမဲ့ အန်တီပန်း ဖုန်းဆက်ရင် မင်းလေးနှင်ချလို့ ကိုယ်အိမ်ပေါ်က ဆင်းသွားရတယ်လို့ ပြောလိုက်ရင်...."
"ခင်ဗျား.....ကျစ် နေချင်နေဗျာ"
"ဘယ်အခန်းမှာ နေရမှာလဲ"
"ကျွန်တော့်အခန်းမှာ နေပါ "
"ကောင်းပြီလေ မင်းလေးက နေစေချင်တယ်ဆိုလည်း ကိုယ်နေပါ့မယ်"
'ဒီလူတော့ ငါသတ်မိတော့မယ် ငါ့မုန့်ဖိုးလေးကြောင့် ဒင်းကိုသည်းခံနေတာ လုပ်မိတော့မယ် ငါနော်....'
ဇိုင်း အကောင်ပေါက်ကို စချင်နေတာကြောင့် တစ်နည်းမဟုတ် တစ်နည်းနဲ့ အကောင်ပေါက် စိတ်မတိုတိုအောင် စနေမိသည် အကောင်ပေါက် ဒေါသထွက်နေတဲ့ ပုံလေးကတောင် သူ့အတွက် ချစ်စရာကောင်းလွန်းနေပေသည်
"ခင်ဗျား နေချင်သလိုသာနေ ခင်ဗျားသဘောပဲ"
ပြောပြီးပြီးချင်း ဆောင်းအောက်ထပ်သို့ ဆင်းလာခဲ့သည် လူကြီးနား ကြာကြာနေရင် လူသတ်မှုဖြစ်တော့မှာ သိနေတာကြောင့် စိတ်ကိုထိန်းကာ ထိုလူကြီးနဲ့ ဝေးရာကို ထွက်လာခဲ့သည်
ESTÁS LEYENDO
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...