Part-2(Zawgyi)

221 4 1
                                    

"ဒေါက် ဒေါက်"

"သားငယ်လေး မထသေးဘူးလား ဒီနေ့ကျောင်းစတက်ရမှာမလား ထတော့လေ"

ဆောင်းတစ်ယောက်အိပ်ကောင်းကောင်းနဲ့အိပ်ယာထဲမှာကွေးနေစဉ် တံခါးခေါက်သံနှင့်အတူ​ထွက်ပေါ်လာသော ဆောင်းမေမေဒေါ်ပန်းသခင်ရဲ့အသံကြောင့် အိပ်ပျော်နေရာမှနိုးလာခဲ့သည်

"ဟုတ်ကဲ့မေမေ သားနိုးပြီ"

မျက်လုံးကိုမဖွင့်သေးဘဲမေမေကိုပြန်ပြောလိုက်သောဆောင်း

"အေးနိုးပြီးဆိုလဲ ထတော့ပြန်မအိပ်မနေနဲ့နော် "

ဒေါ်ပန်းသခင်တစ်ယောက်နိုးပြီဆိုလည်းမထသေးဘဲပြန်ပြန်အိပ်တတ်သောသူမရဲ့သားလေးအကြောင်းကိုသိသူပီပီပြန်သတိပေးလိုက်ရသည်

"ထပြီလို့ "

ဆောင်းတစ်ယောက်မေမေ့ကိုပြန်အသံပြုရင်း မထချင်ထချင်နဲ့အိပ်ယာပေါ်လှဲနေရာမှထထိုင်ပြီး အပျင်းဆန့်နေလေသည် မျက်လုံးကတော့မပွင့်သေး

"🎶Now I'm falling like a leaf~~Now I'm falling like a leaf~~အတိတ်ကနေ့ရက်များလည်းပျောက်ဆုံးသွားခဲ့~~လမ်းခွဲနှုတ်ဆက်ခဲ့တာနောက်ဆုံးစကားပဲ~~Now I'm falling like a leaf~~Now I'm falling like a leaf~~You don't know how I feel~~I'm waiting here but so lonely🎶"

အိပ်ယာဘေးက စားပွဲပေါ်တင်ထားသော ဖုန်းမှအသံမြည်လာသောကြောင့် မျက်လုံးမှိတ်ထားလျက်ဖြင့် ဖုန်းအား စမ်းတဝါးဝါးဖြင့်ရှာကာ ကိုင်လိုက်တော့

"ဟဲ့ ဆောင်း နင်မလာသေးဘူးလား📢"

ဖုန်းကိုင်ကိုင်ချင်း ပြဲလန်စွာထွက်လာသောအသံကြောင့် ဆောင်း ဖုန်းကိုနားနဲ့ နည်းနည်းခွာထားလိုက်ရသည် ဖုန်းဆက်သူမှာ တခြားလူမဟုတ် ဆောင်းရဲ့B.F.Fကြီး ခွန်ဆက်ချိုပင်ဖြစ်သည် ဖုန်းကိုနားနဲ့ခွာထားရမှ ပြန်ကပ်ကာ

"အစောကြီးရှိသေးတာကို ဘာတွေပြောနေတာလဲ ရူးနေတာလား"

မနက်စောစောဖုန်းဆက်ပြီးပွားနေသော သူငယ်ချင်းလုပ်သူအား ပြန်ပြောလိုက်တော့

"ရူးနေတာငါမဟုတ်ဘူး နင် နင်ရူးနေတာမသာရဲ့ ဘယ်အချိန်ရှိပြီလဲ သေချာကြည့်ဦး စောက်လုံးကကန်းနေတာလား"

You've reached the end of published parts.

⏰ Last updated: Jun 29, 2022 ⏰

Add this story to your Library to get notified about new parts!

ကိုယ်ချစ်သောဆောင်း   (Completed)Where stories live. Discover now