"ဆောင်း..."
"အော် ဖြူ လာထိုင်လေ"
"အင်း အစောကြီးရောက်နေတာလား"
"ခုနလေးမှ ရောက်တာပါ"
"ဖြူကနောက်ကျနေပြီထင်ပြီး အမြန်လာတာ ဘာမှတောင်မစားလာရသေးဘူး"
"ဘာစားမလဲ မှာလိုက်လေ ဗိုက်အောင့်တော့မှာပဲကွာ"
"ဟီးဟီး မှာမှာပါ ဗိုက်ဆာလွန်းလို့ကို ကန်တင်းကိုပြေးလာတာ"
"ဟုတ်ပါပြီဗျာ ဘာစားမှာလဲ မှာလိုက်လေ "
"ဟုတ်ကဲ့"
ဆောင်း အရှေ့ကမီးနူးကပ်ကိုသေချာကြည့်နေသော ဖြူကိုကြည့်နေမိရင်းမှ မိမိကိုအမဲဖျက်တော့မလို စိုက်ကြည့်လာသော မျက်လုံးတစ်စုံကြောင့် ဘေးမှာဆက်ရှိနေမှန်းသတိရသွားကာ ဖြူဆီကအကြည့်လွဲရင်း မိမိတို့တစ်ဝိုင်းကျော်လောက်မှာရပ်နေသော စားပွဲထိုးအားလှမ်းခေါ်လိုက်သည်
"အကို လာပါဦးဗျ"
"ညီလေးတို့ ဘာမှာမလို့လဲ"
"ဖြူ ဘာစားမှာလဲ ရွေးပြီးရင် မှာလိုက်လေ"
"အင်း"
"လက်ဖက်ထမင်းကြက်ဥကြော်နဲ့တစ်ပွဲ ထောပတ်သီးဖျော်ရည်တစ်ခွက် ရှမ်းခေါက်ဆွဲတစ်ပွဲ ဆောင်းကော ဘာစားဦးမလဲ"
"မမှာတော့ဘူး ခုနကပဲမှာပြီးပြီ"
"အဟမ်း"
"ဆက် နင်ကောဘာမှာဦးမလဲ"
"သံပုရာရည်တစ်ခွက် ရုံပတေသီးတွေမထည့်နဲ့"
"ဟဲ့ သံပုရာရည်မှာ ဘယ်ကရုံပတေသီးက ပါလာရတာလဲ"
"မသိပါဘူးဟာ နားထဲချွဲကျွိချွဲကျွိသတွေကြားနေရတာ အန်ချင်လာလို့ ခေါင်းရှင်းအောင် သံပုရာရည်မှာတာ ပျားရည်နဲ့မှားပြီး ရုံပတေသီးထည့်လာမှာဆိုးလို့"
ဆောင်းသိလိုက်ပါပြီ ဆက်တစ်ယောက် ဖြူကိုစောင်းပြောနေမှန်း
ဆောင်းမှာတော့ ဖြူကိုအားနာသွားရကာ ဆက်အားလှမ်းဟန့်ရလေသည်"ဆက် နင်ဘယ်လိုပြောလိုက်တာလဲ ဖြူကိုအားနာစရာဟာ"
"ဘယ်သူက ဂရုစိုက်နေလို့လဲ"
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...