အကောက်ပေါက် ကိုလိုက်ပို့ပေးပြီး ဇိုင်းလည်း အိမ်သို့ပြန်လာလိုက်သည်
"သား ပြန်လာပြီလား"
ကားကို စဥ်ဝင်အောက် ရပ်လိုက်ရင်း ကားတံခါးဖွင့်ကာ ဆင်းလိုက်ပြီး အိမ်ထဲဝင်ရန်ပြင်လိုက်ချိန် အိမ်ထဲမှ ထွက်လာသော မေမေက ဆီးကြိုမေးလိုက်တာကြောင့်
"ဟုတ် မေမေ"
"သမီးလေးနွယ်ကိုကော သေချာပို့လိုက်ရဲ့လား"
"နွယ်က ညီမလေးဆက်နဲ့ တူတူပြန်သွားတာ"
"ဟုတ်လား ဒီကောင်မလေး ကဘာမှမပြောဘူး"
"ညီမလေးကော ပြန်ရောက်ပြီလား"
"အင်း ခုနကပဲ ပြန်ရောက်လာတာ အခုတော့ ရေချိုးနေလေရဲ့"
"ဟုတ် အဲ့တာဆို သားလည်း ရေချိုးလိုက်ဦးမယ် ကားမောင်းရတာ နုံးနေပြီ"
"အင်း သွားချိုးတော့လေ သားလည်း ပင်ပန်းနေရောပေါ့ မြန်မြန်ချိုးဦးနော် အအေးပတ်မယ် ပြီးရင်နားလိုက်ဦး"
"ဟုတ် အဲ့တာဆို သား အပေါ်တက်တော့မယ်"
"အေးအေး သားလေး"
ဇိုင်း မေမေနှင့် စကားပြောပြီး ရေချိုးရန် အိမ်ပေါ်ထပ်က မိမိအခန်းဆီ တက်လာခဲ့သည် အိပ်ခန်းထဲ ရောက်တော့ ကားသော့နှင့်ဖုန်းအား စားပွဲပေါ်လှမ်းတင်လိုက်ကာ လူက ဆိုဖာပေါ် ထိုင်ချလိုက်ရင်း မျက်လုံးမှိတ်ထားလိုက်ပြီး အမောဖြေလိုက်သည်
မျက်လုံးမှိတ်ထားသော်လည်း မျက်ဝန်းထဲပေါ်လာသော အကောင်ပေါက် မျက်နှာလေးကြောင့် ဇိုင်းအသာပြုံးလိုက်ကာ ရေချိုးရန် ဆိုဖာမှ ထကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်
ဇိုင်းလည်း ရေချိုးပြီး အိမ်နေရင်း တီရှပ်တစ်ထည်နဲ့ ဘောင်းဘီအပွလေး ဝတ်ကာ ခေါင်းလျှော်လိုက်တာကြောင့် ရေစိုနေသော ဆံပင်များကို ဖိသုတ်ကာ ကုတင်ပေါ်ထိုင်လိုက်ရင်း မျက်လုံးများက အိပ်ယာဘေးက ခုံပုလေးပေါ်မှာ ထောင်ထားသော ဂီတာဆီ ရောက်သွားတာကြောင့် ကုတင်ဘေးဆီ လျှောက်သွားလိုက်ကာ ဂီတာအား ယူလာရင်း ကုတင်ပေါ် ခြေချိတ်ထိုင်လိုက်သည်
VOUS LISEZ
ကိုယ်ချစ်သောဆောင်း (Completed)
Roman d'amourကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...