Part-6(Unicode)

918 57 1
                                    

"ဆောင်းရေ ဆောင်း "

"အော် သမီးလေးဆက် လာလေကွယ် အစောကြီးပါလား"

"ဟုတ်တယ် အန်တီရဲ့ ကျောင်းသွားမလို့ ဆောင်းကို လာခေါ်တာ"

"ဟုတ်လား သားလေးတောင် နိုးပြီလား မသိဘူး ခဏလေးနော် အန်တီသွားခေါ်ပေးမယ်"

"ဟုတ်ကဲ့ ရပါတယ်အန်တီရဲ့"

"သားကဒီရောက်နေပြီ မေမေရဲ့ ကျောင်းသွားဖို့ ပြင်တောင်ဆင်ပြီးပြီး"

ဆောင်းတစ်ယောက် မိမိအခန်းပြတင်းပေါက်မှ အပြင်ဘက်ကိုကြည့်နေတုန်း မိမိခြံရှေ့ လာရပ်သောကားကြောင့် ဆက်ရောက်နေပြီမှန်းသိကာ အဝတ်အစား မြန်မြန်လဲရင်း အောက်သို့ဆင်းလာခဲ့သည်

အိမ်အောက်ရောက်တော့ မေမေနဲ့စကားပြောနေသောဆက်ကြောင့် ဧည့်ခန်းထဲမဝင်သေးဘဲ ​ပြောနေသောစကားများကို ရပ်နားထောင်နေမိသည်
ဆက်နဲ့စကားပြောနေရင်းမှ မိမိအားလာခေါ်ရန် ပြင်နေသောမေမေကြောင့် ဧည့်ခန်းထဲ အမြန်ဝင်လာရလေသည်

"သားလေးက အဝတ်အစားတောင် လဲပြီးပြီကို မေမေကမနိုးသေးဘူး တောင်ထင်နေတာ"

"မေမေကလည်း သားအစောကြီးထနေကြပါ"

"အဲ့တာဆို အရင်က ကျောင်းနောက်ကျမှာဆိုးလို့ မနဲနှိုးနေရတဲ့ အိပ်ပုတ်လေးက ဘယ်သူများလဲ"

"ဟာမေမေကလည်း သားကအိပ်ပုတ်မဟုတ်ပါဘူး မထချင်သေးလို့ပြန်မှေးနေတာပါ"

ဒေါ်ပန်းသခင် သူမရဲ့သားလေးအားစသလိုပြောမိတော့ သူမအား မျက်နှာလေးဆူပုတ်ကာ နှုတ်ခမ်းတထော်ထော်ဖြင့် သူမဟုတ်ကြောင်းရှင်းပြနေသော သားလေးက သူမမျက်လုံးထဲမှာချစ်စရာကလေးလေးလိုပင်

"ကဲပါ ဟုတ်ပါပြီ"

"အဲ့တာဆို မေမေသားတို့ သွားတော့မယ်နော်"

"ဟယ် မနက်စာ စားသွားကြအုံးလေ သမီးလေးဆက်ကော မစားရသေးဘူးမလား"

"ဟုတ်ကဲ့"

"ဘာဟုတ်ကဲ့လဲ အငတ်မ အားနေမြိုဖို့ပဲ စဥ်းစားနေတယ်"

"ဘာဖြစ်လဲ ငါ့ဘာသာဘာစဥ်းစားပေါ့ နင့်အပူလား"

"ဟဲ့ သားလေး သူငယ်ချင်းကို အဲ့လိုမပြောရဘူးလေကွယ်"

ကိုယ်ချစ်သောဆောင်း   (Completed)Tahanan ng mga kuwento. Tumuklas ngayon