Part-27(Unicode)

607 23 0
                                    

ကိုယ်ချစ်သောဆောင်း

Part-27

"သားလေး စားတာနည်းလှကြီးလား"

"သားဗိုက်မဆာလို့ပါ မေမေ"

"ဗိုက်မဆာလည်း နဲနဲတော့ ထပ်စားပါဦးလား တော်ကြာဗိုက်အောင့်နေဦးမယ်"

ဆောင်းရှေ့က အရာမယွင်းသေးတဲ့ ထမင်းကြော်ပန်းကန်ကို ကြည့်ရင်း မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ မိခင်ဖြစ်သူက ပြောနေတာကြောင့် ဆောင်းလည်း နည်းနည်းထပ်စားလိုက်ကာ

"သားဗိုက်ဝပြီ အပေါ်တက်တော့မယ်"

"ဟယ် သားနေဦးလေ ဒီကလေးကတော့"

ဆောင်း မိခင်အားပြောပြီး နေရာမှထ၍ ထမင်းစားခန်းထဲက ထွက်လာလိုက်ပြီး နောက်မှ မိခင်ဖြစ်သူ လှမ်းခေါ်နေတာကို ကြားသော်လည်း မကြားချင်ယောင်ဆောင်ကာ မိမိအခန်းဆီသို့ တက်လာခဲ့သည်

"သားလေးကို လွှတ်ထားလိုက်ပါ မိန်းမရယ် ကလေးက ဗိုက်မဆာလို့ နေမှာပေါ့"

ဒေါ်ပန်းသခင် ထမင်းကြော်ကို ကုန်အောင်မစားပဲ ထထွက်သွားသော သားဖြစ်သူကို လှမ်းခေါ်လိုက်ချိန် ဟန့်တားလာသော ခင်ပွန်းဖြစ်သူ စကားကြောင့်
သူမဘေးမှာ ထိုင်နေသော ခင်ပွန်းဖြစ်သူ ဦးမြူခိုးမာန် ကိုမျက်စောင်းထိုးကာ ကြည့်လိုက်ရင်း

"ရှင်က ဘာသိလို့လဲ အရင်က အစားအသောက်ဆို လောဘကြီးတဲ့ကလေးက အခုတလော အစားကိုပုံမှန်မစားဘူး ပြီးတော့ မျက်နှာလည်း မကောင်းဘူး ဝမ်းနည်းနေသလို ပုံစံလေးနဲ့ အရင်က သွက်သွက်လက်လက်လေးနဲ့ သားလေးက အခုဆို မှိုင်မှိုင်တွေတွေနဲ့ တစ်ခုခုဖြစ်နေတာ သေချာတယ် ရှင်ကတော့ ဘယ်သိမလဲ ရှင်ကသားကိုမှ ဂရုမစိုက်တာ ရှင့်ခေါင်းထဲမှာ အမြဲအလုပ်အကြောင်းပဲ တွေးနေပြီးတော့ ကျွန်မကတော့ သားလေးကို အမြဲအရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့လူဆိုတော့ စိတ်ပူတယ်ရှင့်"

သားလေးကို ပြောမရတာနဲ့ သူ့ဘက်လှည့်ကာ ရန်ရှာနေသော ဇနီးဖြစ်သူအား မြူခိုးမာန် ကြည့်လိုက်ရင်း

"ဟာ ဘာလို့ ကိုယ့်ဘက်လှည့်လာရတာတုန်း"

"ကျွန်မပြောတာ မဟုတ်လို့လား ရှင်ကသားလေးကို ဂရုမှမစိုက်တာ"

ကိုယ်ချစ်သောဆောင်း   (Completed)Where stories live. Discover now