"စာမေးပွဲဖြေနိုင်လား ဆောင်း"
"အင်း ဒီလိုပါပဲ ဖြူရော"
"ကျတော့မကျပါဘူး ဟီးဟီး"
စာမေးပွဲခန်းထဲမှ ထွက်ထွက်ချင်း ဘေးခန်းမှထွက်လာသောဖြူက မေးလာတာကြောင့် နှစ်ယောက်သားစကားပြောရင်း ရီမောနေမိသည်
"ဆက်ကော မထွက်လာသေးဘူးလား"
"လာပါပြီ ဒီမှာပါရှင့်"
"ဆက် ဖြေနိုင်လား"
"အောင်တော့ အောင်ပါတယ်"
"နင်တို့နှစ်ယောက်ကလည်း မေးလိုက်ရင် တစ်ယောက်ကကျ ကျတော့မကျပါဘူး နောက်တစ်ယောက်ကလည်း အောင်တော့အောင်ပါတယ် ဘာတွေမှန်းမသိဘူး အောင်ရင်အောင်တယ် ကျရင်ကျမယ်ပေါ့"
"အမယ်လေး သခင်လေးဆောင်းရယ် ကျွန်တော်မျိုးမတို့ကလေ သခင်လေးလို့ စကာကြီးမဟုတ်တဲ့အတွက် အဖြေကိုတိတိကျကျ မဖြေနိုင်ပါဘူးရှင် ရှင်းပြီးလား မောလိုက်တာနော် တကယ်ပါပဲ စာမေးပွဲနောက်ဆုံးနေ့မို့ ပျော်တဲ့အပျော်လေးပါ ပျောက်တယ်"
"ငါက နင်တို့ကို စာမေးပွဲအောင်စေချင်တဲ့ စေတနာနဲ့ မေးတာပါဟာ"
"ဘယ်သူကကော ကျတယ်ပြောနေလို့လဲ အနည်းဆုံး အမှတ်မများရင်တောင် စာမေးပွဲကတော့ သေချာပေါက်အောင်တယ် ဟုတ်တယ်မလားဖြူ"
"ဒါပေါ့ ဆက်ရဲ့"
"အခုမှ အတိုက်အဖောက်တွေညီပြီး ချစ်နေလိုက်ကြတာ စတွေ့တုန်းက ထသတ်တော့မယ် ဆိုဒ်တွေနဲ့"
"နင်ကလည်း အဲ့တုန်းကသေချာမှမသိကြသေးတာ အခုကဖြူနဲ့ငါက ဂိုဏ်းတူညီအစ်မတွေလေ "
"အေးပါကွာ"
ဘာလ်ိုလိုနဲ့ဆောင်းတို့ firstyear တောင်ပြီးကြတော့မယ် ဆက်နဲ့ဖြူလည်း တွေ့စက မတည့်ကြပေမယ့် ခုများကြတော့ ညီအစ်မအရင်းတွေလိုပင် ခွာမရအောင်ကပ်နေကြတာ တစ်ခါတစ်လေ ဆောင်းကိုပင် ပလစ်ထားလိုက်ကြသေးသည်
"တော်ပြီဆောင်း နင်ဟာလေ လူပုသလောက် လေကြောကရှည်တယ် အမေးအမြန်းကိုထူနေတာ မပြီးနိုင်တော့ဘူး ငါဗိုက်ဆာနေပြီ မုန့်သွားစားမယ် လိုက်မှာလား မလိုက်ဘူးလား"
STAI LEGGENDO
ကိုယ်ချစ်သောဆောင်း (Completed)
Storie d'amoreကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...