ကိုယ်ချစ်သောဆောင်း
Part-26
"ဟင်..."
"ခင်ဗျား ဘာလုပ်နေတာလဲ"
ဆောင်းအိပ်ပျော်နေရာမှ နိုးလာတော့ ကမ်းနားမှာမဟုတ်ဘဲ မိမိအိပ်ယာပေါ် ပြန်ရောက်နေပြီး ကုတင်ခြေရင်းတွင် လူကြီးက ရေချိုးထားပုံရကာ ခါးမှာသဘတ်ပတ်ထားပြီး အပေါ်ပိုင်းဗလာနှင့် မှန်ရှေ့ရပ်ကာ ခေါင်းသုတ်နေတာကြောင့် လှမ်းမေးလိုက်တော့
"ခေါင်းသုတ်နေတာလေ"
ခေါင်းသုတ်မပြတ်ဘဲ မိမိဘက်ကို လှည့်ကြည့်ကာ ပြောလာသောလူကြီးကြောင့်
"ခေါင်းသုတ်နေတာတော့ မြင်တာပေါ့ ခင်ဗျား ဘာကိစ္စ ဒီအခန်းထဲ ရောက်နေတာလဲလို့ မေးတာ"
"Aww....အကောင်ပေါက်ကြောင့် ကိုယ်ချွေးထွက်သွားလို့လေ"
"ဘာပြောတယ်ဗျ"
ဇိုင်း မိမိပုခုံးပေါ် အိပ်ပျော်သွားသော အကောင်ပေါက်လေးအား ပွေ့ချီကာ ကားပေါ်တင်ရင်း အိမ်သို့မောင်းလာခဲ့သည် အိမ်ရောက်တော့လည်း ကားပေါ်မှ မနိုးအောင် ပြန်ပွေ့ချီကာ အိမ်ထဲသို့ ဝင်လာရင်း အပေါ်ထပ်အိပ်ခန်းဆီ တက်လာကာ အိပ်ယာပေါ်ချပေးလိုက်ပြီး လူက အိုက်စက်စက်နှင့် ချွေးထွက်နေတာကြောင့် ရေချိုးလိုက်ကာ ခေါင်းပါတစ်ခါတည်း လျှော်လိုက်ပြီး မှန်ရှေ့ရပ်ကာ ခေါင်းသုတ်နေတုန်း နောက်ကျောဘက်ဆီမှ အသံလေးကြောင့် လှည့်ကြည့်ရင်းဖြေလိုက်တော့ မိမိကို အသံစူးစူးလေးနှင့် ပြန်ပြောနေသော အကောင်ပေါက်လေးကြောင့် သူလေးအတွေးချော်နေမှန်း သိလိုက်ကာ
"ကဲ ဒီကလေးလေးကတော့ ဘာတွေအတွေးချော်နေတာတုန်း ကိုယ်မင်းလေးကို အိမ်အောက်ကနေ ကုတင်ပေါ်ထိပွေ့လာရလို့ ချွေးထွက်နေတာနဲ့ ရေချိုးပြီး ခေါင်းပါလျှော်လိုက်တာလို့ ပြောတာလေ ကလေးလေးက ဘာတွေလျှောက်တွေးနေတာတုန်း"
"ဘာ..ဘာမှမတွေးဘူး ခင်ဗျားကရှင်းရှင်းလင်းလင်းမှ မပြောတာ"
လူကြီးပြောလာသော စကားကြောင့် ပေါက်ကရ တွေးနေမိသော မိမိကိုယ်ကို သတ်ချင်စိတ်ပေါက်လာကာ လူကြီးရှေ့မှာ အရှက်ကွဲသလို ဖြစ်သွားတာကြောင့် ရှက်ရှက်နဲ့ လူကြီးအား ပြန်ပြောလိုက်သည်
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...