"ကိုယ် ကလေးလေးကို အရမ်းချစ်တယ်"
"ကျွန်တော်ရောပဲ"
"ဟာ စကားကိုအဲ့လိုလူလည်ကျပြီး မပြောနဲ့လေကွာ ကိုယ်ပြောသလို သေချာပြော"
မိမိကို ချီထားရက်နဲ့ပင် မျက်နှာဆူပုတ်ကာ ပြောနေသော လူကြီးကြောင့် ဆောင်း ပြုံးလိုက်ကာ လူကြီး လည်တိုင်ကို ဖက်ထားလျက်နှင့်ပင်
"ကျွန်တော် ခင်ဗျားကို ချစ်တယ်"
"ကိုကို"
"ဟင်"
"ကိုကိုလို့ ခေါ်"
လူကြီး ပြောလာသော စကားကြောင့် ဆောင်း မျက်နှာလေးရဲကာ
"မခေါ်ရဲပါဘူး"
"ဟာ ကလေးလေး မခေါ်လို့မရဘူးလေကွာ ကိုယ်တို့က အခုချစ်သူတွေ ဖြစ်သွားပြီလေ ကိုယ့်ကို ခင်ဗျားလို့ပဲ သုံးနေတော့မှာလား ကိုယ်က မင်းထက် အသက်ကြီးတယ်နော် ကလေးလေးက လိမ္မာပါတယ် 'ကိုကို' လို့ခေါ်ကြည့်"
"လူကြီး လို့ခေါ်မယ်လေ"
"မရဘူး!!"
မိမိမျက်နှာကို စိုက်ကြည့်ရင်း ပြတ်သားစွာ ပြောလာသော လူကြီး စကားကြောင့် ဆောင်း ရှက်ရှက်နှင့်
"ကို..ကိုကို"
"ဟာ ချစ်လိုက်တာကွာ"
အကောင်ပေါက်လေးဆီမှ 'ကိုကို' လို့ခေါ်လိုက်သံလေးကြောင့် ဇိုင်း ရင်ခုန်နှုန်း နှစ်ဆဖြစ်လာရကာ ပွေ့ချီထားလျှက်နဲ့ အကောင်ပေါက် ပါးပြင်လေးအား အနမ်းပေးလိုက်သည်
"ပြွတ်"
"ခင်..ခင်ဗျား အွန့်"
ဆောင်း ပါးလေးအား ရုတ်တရက် လာနမ်းသော လူကြီးကို ရှက်ရှက်နဲ့ 'ခင်ဗျား'လို့ ခေါ်မိတော့ မိမိနှုတ်ခမ်းဖူးလေးအား သူ့နှုတ်ခမ်းပါးနဲ့ ထိကပ်လိုက်သော လူကြီးကြောင့် ဆောင်း မျက်လုံးလေးများပင် ပြူးကျယ်သွားရသည်
"ပြွတ် နောက်တစ်ခါ ခင်ဗျားလို့ပြောကြည့် အဲ့နှုတ်ခမ်းလေး ဖူးယောင်သွားအောင်ကို နမ်းပစ်မယ် ကိုယ့်ကိုဘယ်လိုခေါ်ဖို့ ပြောထားလဲ ကလေးလေး"
ဇိုင်း သူ့ကို'ကိုကို'လို့ မခေါ်တဲ့ ကလေးလေးကို အပြစ်ပေးရန် ကလေးရဲ့ နှုတ်ခမ်းဖူးလေးအား နမ်းလိုက်သည် သူနမ်းလိုက်တာကြောင့် ကိုယ်လေးတုံတက်သွားကာ အသာရုန်းနေသော ကလေးလေးကို ဂရုမစိုက်ဘဲ ဆက်နမ်းနေလိုက်ပြီး သူနမ်းလို့ဝမှ လွှတ်ပေးလိုက်ရင်း ပြောလိုက်တော့ ကလေးလေးက မျက်နှာရဲရဲလေးနဲ့ ခေါင်းကိုငုံ့ထားကာ
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...