"ကိုကို"
ဇိုင်း ဖိုင်တွဲများကို လက်မှတ်ထိုးနေချိန် ကြားလိုက်ရသော အသံလေးကြောင့် မော့ကြည့်လိုက်တော့ တံခါးဝနားမှာရပ်နေသော ဇိုင်းရဲ့ ချစ်ရသူလေး
"ကလေးလေး"
ဇိုင်း ခေါ်လိုက်ရင်း ဘောပင်အား လက်မှချကာ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်တော့ သူ့အားပြုံးပြကာ လျှောက်လာရင်း သူ့ရင်ခွင်ထဲ တည့်တည့်ဝင်လာသော ကလေးလေးကြောင့် သူလည်းခန္ဓာကိုယ်သေးသေးလေးအား ပြန်ဖက်ထားလိုက်သည်
"ကိုကို အလုပ်များနေတာလား"
သူ့ရင်ခွင်ထဲမှ မော့ကြည့်ကာ မေးလာသော ချစ်ရသူကြောင့် ဇိုင်း ကလေးနဖူးလေးအား နမ်းလိုက်ရင်း
"အလုပ်မများပါဘူး တကယ်လို့ အလုပ်များနေတယ် ဆိုရင်တောင် ကိုယ့်ချစ်သူလေးအတွက် အမြဲအားပြီးသားပဲ"
"အပိုတွေ"
မျက်စောင်းလေးထိုးကာ ပြောလာသော ကလေးလေးကြောင့်
"အပိုတွေ မဟုတ်ဘူး ရင်ထဲကလာတာ ကလေးမယုံရင် ချွတ်ပြရမလား"
"ဘာတွေ လာပြောနေတာလဲ"
"ဘာပြောလို့တုန်း ကလေးယုံအောင် ကိုယ်ရင်ဖွင့်ပြမယ် ပြောတာလေ ကလေးက ဘာတွေတွေးနေတာတုန်း"
"ကိုကိုနော်"
"ဟားးဟားး"
"လူညစ်ပတ်ကြီး အသက်ကြီးတယ်ဆိုပြီး စကားကို မလှမ့်တပတ် ပြောတဲ့လူကြီး ကဲဟယ် ကဲဟယ်"
"အား နာတယ်နော် ကလေးလေး ကိုယ်က စတာလေကွာ"
သူ့အားစိတ်ဆိုးဆိုးနဲ့ ထုရိုက်နေသော ကလေးရဲ့လက်လေးအား ဖမ်းဆွဲကာ ပြောလိုက်တော့ သူ့အားနှုတ်ခမ်းလေးဆူရင်း
"နာအောင် တမင်ရိုက်တာလေ နာမှာပေါ့"
"ကလေးက ကိုယ့်ကို ရိုက်ရက်တယ်ပေါ့"
"ရိုက်မှာပဲ သူများကို လာစနေတာကို"
"ကိုယ်က ချစ်လို့လေကွာ"
"မသိဘူး စိတ်ဆိုးတယ်"
"မဆိုးပါနဲ့ ကိုယ့်ကို မချစ်ဘူးလား"
"ချစ်တယ်"
"ချစ်ရင် စိတ်ဆိုးပြေနော်"
"......"
ESTÁS LEYENDO
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...