"ကိုကြီး ဆောင်းကို ပြန်လိုက်ပို့ပေး လိုက်နော်"
ဆောင်းတို့ မုန့်စားပြီးတာနဲ့ လှည်တန်းစင်တာထဲ ဝင်ကာ ပတ်နေရင်း လိုအပ်တာများ ဝယ်ပြီးတာနဲ့ ပြန်ဖို့ပြင်စဥ် ပြောလာသောဆက်ကြောင့်
"နင်ကကော မလိုက်ဘူးလား"
"အေး ငါ မမနွယ်နဲ့ သွားစရာလေးရှိလို့ ပြန်မလိုက်တော့ဘူး""
"ဖြူကော ငါနဲ့ပြန်လိုက်မှာမလား"
"မလိုက်ဘူးဟ ငါလည်းဆက်တို့နဲ့ လိုက်သွားမှာ"
"အဲ့တာဆို ငါလည်း လိုက်မယ်လေ"
"ဟာ နင်လိုက်လို့ မရဘူးလေ"
"ဘာလို့လဲ နင်တို့က ဘယ်သွားကြမှာမို့လို့လဲ"
ဆောင်းအမေးကြောင့် ဆက်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာဖြေရမှန်းမသိပေ တကယ်တော့ ဆောင်းနဲ့ သူမအကိုကို နှစ်ယောက်တည်း တူတူရှိနိုင်အောင် သူမတို့ရှောင်ပေးခြင်းဖြစ်သည် ဒါကို အတင်းလိုက်မယ်ကြီးပဲ ပြောနေတဲ့ ငဒူကြောင့် ဆက်တို့တွေ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်စပစ်ရင်း ဘာဖြေရမလဲလို့ အကျပ်ရိုက်နေခြင်းဖြစ်သည်
"ဟို ငါတို့က ....ဘာပဲဖြစ်ဖြစ် နင်လိုက်လို့ မရဘူး"
ဆောင်း လူကြီးနဲ့ နှစ်ယောက်ထဲ မပြန်ချင်တာကြောင့် ဆက်တို့နဲ့လိုက်သွားဖို့ ပြောနေတာကို မခေါ်ဘူးပဲ လုပ်နေတဲ့ ဆက်တို့ကြောင့် လူက မသင်္ကာတော့ပေ
'ဒီဟာမလေးတွေ ငါ့ကိုချန်ထားပြီး ဘာတွေကြံစည်နေကြပြန်ပြီလဲ မရဘူး သူတို့နောက် လိုက်ကိုလိုက်ဦးမှာ'
"မရဘူး ငါလိုက်မယ် ငါမလိုက်ရရင် နင်တို့လည်း မသွားရဘူး"
"ဟာ..."
သူ့ကိုမခေါ်လို့ သူမတို့ကိုပါ သွားခွင့်မပြုဘဲ ရစ်နေသော ဆောင်းကြောင့် သူမတို့ အကြံအိုက်လာရသည်
"နင်အဲ့လိုမလုပ်နဲ့လေဟာ ငါတို့က ကိစ္စရှိလို့ သွားမှာ"
"ဘာကိစ္စလဲ ငါ့ကိုလည်းခေါ်သွားလေ"
"မရဘူး နင်လိုက်လို့ မဖြစ်ဘူးလို့"
'နင်လိုက်ရင် ငါ့အစ်ကိုက ဘယ်သရဲနဲ့သွားနေရမှာလဲ မသာလေးရဲ့'
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...