ကိုယ်ချစ်သောဆောင်း
Part-25
"အကောင်ပေါက် ဘာစားချင်လဲ"
"ကျွန်တော် ကြည့်ဦးမယ်"
ဇိုင်း အကောင်ပေါက်ကို ဖွင့်ပြောပြီး ညဘက် အကောင်ပေါက်အားခေါ်ကာ ဆိုင်တစ်ဆိုင်တွင် ညစာလိုက်ကျွေးနေတာဖြစ်သည် မီနူးကဒ်အား သေချာကြည့်နေသော အကောင်ပေါက်ပုံလေးကို ဇိုင်း စိုက်ကြည့်နေသည်
'ဒီကလေးလေးကတော့ ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတော့တာပဲ'
ဇိုင်း စိတ်ထဲမှာ ပြောနေရင်း အကောင်ပေါက်လေးက မီနူးကဒ်ဆီမှ အကြည့်ခွာကာ အရှေ့မှာထိုင်နေသော ဇိုင်းကို ကြည့်လာရင်း
"ကျွန်တော်တို့ နောက်တစ်ဆိုင် သွားရအောင်"
"ဘာလို့လဲ ဒီဆိုင်ကိုမကြိုက်ဘူးလား ဆိုင်က အစားအသောက်တွေက ကောင်းပါတယ်"
"မဟုတ်ပါဘူး ဒီဆိုင်က အစားအသောက်တွေက အရမ်းစျေးကြီးတယ်"
ဇိုင်း ဘေးမှာ ရပ်နေသော ဆိုင်ရဲ့ဝိတ်တာလေး မကြားအောင် တိုးတိုးလေးပြောနေသော အကောင်ပေါက် အပြောကြောင့် ရီမိပြန်ကာ
"စျေးကြီးလည်း ကိုယ်ဝယ်ကျွေးနိုင်ပါတယ်ကွာ အဲ့လောက်ကတော့ ပါးပါးလေး မင်းကြိုက်သလောက် စားလို့ရတယ်"
"ကျွန်တော်က ခင်ဗျားပိုက်ဆံကုန်နေမှာ ဆိုးလို့"
"အကောင်ပေါက်က ကိုယ့်ကိုစိတ်ပူတယ်ပေါ့"
မိမိကို စိုက်ကြည့်ကာ ပြုံးစိစိနဲ့ ပြောလာသော လူကြီးကြောင့်
"မ..မပူပါဘူး ခင်ဗျား မလိုအပ်တာတွေ ကုန်မှာဆိုးလို့ စေတနာနဲ့ ပြောတာ"
"ဟုတ်ပါပြီကွာ အဲ့အတွက်ဆို မပူပါနဲ့ ကိုယ်ပိုက်ဆံ ကုန်ချင်သလောက် ကုန်ပါစေ မင်းအတွက်ဆို အကုန်ခံနိုင်တယ် အဲ့တာကြောင့် စားချင်တာကိုသာ မှာလိုက်"
ဆောင်းလည်း လူကြီးစကားကြောင့် ဘေးမှာရပ်နေသော ဝိတ်တာလေးအား ပြုံးပြကာ
"Seafood ထမင်းကြော်တစ်ပွဲ မာလာငါးကင်တစ်ပွဲ ပြည်ကြီးငါးသုပ်တစ်ပွဲ Cola တစ်ဗူး"
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...