"ဟော ဟိုမှာကလေးတွေ လာကြပြီ"
ဒေါ်ပန်းသခင် အပြောကြောင့် ထိုင်နေတဲ့ လူအကုန်လုံး ကြည့်လိုက်တော့ ဧည့်ခန်းသို့ လမ်းလျှောက်လာသော ဇိုင်းနဲ့ဆောင်းကို တွေ့လိုက်ရသည်
"သားတို့လာထိုင်ကြ နှစ်ယောက်လုံးဆွေးနွေးပြီးပြီလား"
ဇိုင်း ကလေးလေးနဲ့အတူ ဧည့်ခန်းထဲဝင်လာတော့ မိဘများက သူတို့ကိုကြည့်နေရင်း ပြောလာသော အန်တီပန်းကြောင့်
"ဟုတ်ကဲ့ မေမေပန်း"
"အင်း အဲ့တာဆို သားငယ်လေး သဘောကကော သားဇိုင်းနဲ့စေ့စပ်ဖို့ကိစ္စ ဘယ်လိုလဲ"
"သား သဘောတူပါတယ် မေမေ"
ဒေါ်ပန်းသခင် သားဖြစ်သူရဲ့အဖြေကြောင့် ပြုံးလိုက်ကာ မျက်နှာချင်းဆိုင်မှာ ထိုင်နေသော သူမတို့နဲ့ ခမည်းခမက် တော်စပ်ရတော့မယ့် သားဇိုင်းမေမေ ဒေါ်ယမင်းသာ အားကြည့်လိုက်ပြီး
"ယမင်းရေ ကလေးတွေတော့ သဘောတူပြီ ကျမတို့ နေ့ကောင်းရက်သာရွေးပြီး လုပ်စရာရှိတာ လုပ်ကြတာပေါ့"
"ကောင်းပါပြီရှင် "
"နောက်ဆုံးတော့ နင်လည်း ငါ့ခဲအိုဖြစ်လာပြီပေါ့ ကြိုဆိုပါတယ်နော် ခဲအိုလေး"
"ဟဲ့ ဆက်"
"ဟားဟားး"
ရုတ်တရက် ဆောင်းပုခုံးအား ရိုက်ကာ ပြောလာသော ဆက်စကားကြောင့် ဆောင်း လှမ်းတားလိုက်သော်လည်း နောက်ကျသွားကာ အခန်းထဲ လူအကုန်ကြားသွားပြီး ရီမောကြလေတော့သည်
ဆောင်းလည်းရှက်ရှက်နဲ့ မျက်နှာလေးနီကာ ခေါင်းငုံ့လိုက်ရင်း ဆောင်းနဲ့ မနီးမဝေးမှာ ထိုင်နေတဲ့ ဆက်ကို အသံတိတ် လှမ်းဆဲလိုက်သည်
"မသာမလေး"
ဆောင်း ဆဲလိုက်တော့ ဆက်က 'ဘာဖြစ်ချင်လဲ' ဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်ကာ လျှာထုတ်ပြီး ပြောင်နေတာကြောင့် စားပွဲခုံအောက်ကနေ လူကြီးတွေ မမြင်အောင် လက်သီးစုတ် ပြလိုက်တော့ ဆက်ကလည်း သူ့အားလက်တီးစုတ် ပြန်ထောင်ပြလာကာ နှစ်ယောက်သား အသံတိတ်စစ်ပွဲ ဖြစ်နေကြသည်
KAMU SEDANG MEMBACA
ကိုယ်ချစ်သောဆောင်း (Completed)
Romansaကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...