စေ့စပ်ပွဲပြီးသွားတော့ ကိုကိုလည်း အလုပ်ကိစ္စနဲ့ U.Sကိုထွက်သွားတာကြောင့် မြန်မာပြည်မှာ ဆောင်းတစ်ယောက်တည်းသာ ကျန်ခဲ့ရသည် ညတိုင်းလိုလို ကိုကိုနဲ့ vcပြောဖြစ်ကြကာ အနေဝေးသော်လည်း စိတ်ချင်းနီးစပ်ကာ ချိုမြိန်ဖွယ်ရာ အခိုက်အတန့်လေးများ ဖြစ်ခဲ့ကြသည်
ထိုအခိုက်အတန့်များက ကြာရှည်တည်တံ့နေမယ် ထင်ခဲ့သောဆောင်းရဲ့ အတွေးများက မှားသွားခဲ့သည် တစ်လကျော်ကြာပြီးနော် ရုတ်တရက် ကိုကို့ဆီမှ အကြောင်းပြချက် ရေရေရာရာမရှိဘဲ အဆက်ဖြတ်သွားခဲ့သည် 'ကိုကိုအလုပ်များနေလို့ နေမှာပါ' ဆိုတဲ့စိတ်လေးနဲ့ပဲ ဆောင်း ကိုယ့်စိတ်ကိုဖြေသိမ့်ကာ ကိုကို့ဆီမှ ဆက်သွယ်လာမှာကို စောင့်စားနေသော်လည်း နေနိုင်သူကြီးကတော့ သုံးပတ်ကျော်ကြာတဲ့ အထိ ဆောင်းဆီကို vcမဆိိုထားနဲ့ messageလေး တစ်စောင်တောင် ပို့မလာပေ
မနေနိုင်သူဖြစ်တဲ့ ဆောင်းကပဲ ချစ်ရသူ အားမယ့်အချိန်ကို စောင့်ကာ vcအရင်စခေါ်ခဲ့သော်လည်း 'အလုပ်လုပ်နေလို့ Meetingရှိလို့ ရှယ်ယာရှင်တွေနဲ့ ဖုန်းပြောရမှာမို့' စတဲ့အကြောင်းပြချက်များစွာဖြင့် ကိုကို့ဘက်မှ အရင်ဖုန်းချသွားတတ်စမြဲပင်
ကိုကို ဖုန်းချသွားတိုင်း ဆောင်း ကိုယ့်ကိုယ်ကို ကိုကို့အတွက် ဆောင်းက လူပိုတစ်ယောက်လို ခံစားရပြီး သိမ်ငယ်စိတ်များဖြင့် မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျမြဲဖြစ်သော်လည်း ချစ်တဲ့စိတ်ဖြင့် သူစိမ်းဆန်နေသလို ဖြစ်နေသော ချစ်ရသူအပေါ် အပြစ်မတင်ရက်ဘဲ ကိုယ့်ဘာသာ အပြစ်တင်ကာ ချစ်ရသူရဲ့ စိမ်းကားမှုများကို လျစ်လျူရှုခဲ့ရသော နေ့ရက်များ ရှိခဲ့သည်
ချစ်ခြင်းဆိုတဲ့အရာက နှလုံးသားရှိတဲ့ လူတိုင်းအပေါ် ထာဝရတည်မြဲကာ အချစ်နဲ့ ထိတွေ့မိတဲ့လူတိုင်း ပျော်ရွှင်နိုင်မယ် ထင်ကြသော်လည်း ဆောင်းအတွက် မဟုတ်နိုင်တော့ပေ ချစ်ရသူရဲ့အချစ်တွေနဲ့ သာယာပျော်ရွှင်နေသော ဆောင်းရဲ့ဘဝကို ကံတရားက မျက်နှာသာမပေးတဲ့ နေ့ကိုရောက်လာခဲ့သည်
ဘာလိုလိုနဲ့ ကိုကိုနဲ့ဆောင်း အဆက်အသွယ်ပြတ်နေတာ နှစ်လတောင်ကျော်နေလေပြီ တစ်လပဲဆိုပြီး ပြောသွားတဲ့ကိုကိုက သုံးလကျော်ကြာတဲ့အထိ ပြန်မရောက်လာသေးပေ ထိုသုံးလအတွင်း ဆောင်းဘက်က ကိုကို့ဆီ ဖုန်းများဆက်ခဲ့တာရှိသော်လည်း ကိုကို့ဘက်ကတော့ တစ်ခါမှဆက်မလာပေ ဒီနေ့ မနက်မိုးလင်းထဲက မိုးရွာနေတာကြောင့် မိုးအေးအေးနဲ့ ဆောင်း အိပ်ခန်းထဲမှာစာဖတ်နေတုန်း 'ကိုကို မြန်မာပြည် ပြန်ရောက်နေပြီ' ဆိုပြီးသူငယ်ချင်းမလေး ဆက်က ဖုန်းဆက်ပြောလာတာကြောင့် ဆောင်းဝမ်းသာစိတ်နှင့်အတူ ကိုကို့ကို တွေ့ချင်တဲ့စိတ်တို့ကြောင့် ကိုကိုဆောင်းဆီအလာက်ို မစောင့်နိုင်တော့ပဲ ရေအမြန်ချိုးကာ လေယာဥ်စိုက်တာနဲ့ မနားဘဲ ကုမ္ပဏီကို တန်းသွားတယ်ဆိုတဲ့ ဆက်ရဲ့စကားကြောင့် ကိုကို့ကို စိတ်ပူသွားရကာ 'ထမင်းအချိန်မှန်မစားဘဲ အလုပ်ပဲဖိလုပ်နေရင်'ဆိုတဲ့ စိတ်လေးနဲ့ အစာပြေမုန့်တစ်ချို့လုပ်ကာ ဗူးလေးထဲထည့်ပြီး ကိုကို့ကုမ္ပဏီသို့ ဆောင်းထွက်လာခဲ့သည်
YOU ARE READING
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...