Part-8(Unicode)

852 43 0
                                    

"အမယ်လေး...."

"ရရဲ့လားဗျ"

ဆောင်းတို့ ဘုရားရင်ပြင်တော်ပေါ်တွင်လျှောက်နေရင်းမှ ဆောင်းတို့အရှေ့တွင် မိန်းကလေးတစ်ယောက် ချော်လဲမလိုဖြစ်သွားလို့ ဝင်ထိန်းပေးရင်း မေးလိုက်သည်

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော်"

"ရပါတယ်ဗျ"

သဇင်ဖြူတစ်ယောက် ဘုရားရင်ပြင်ပေါ်တွင် လမ်းလျှောက်ရင်း ရင်ပြင်ပေါ်က ရေတွေကြောင့် အရှိန်မထိန်းနိုင်ပဲ ခြေချော်ကာ ကြမ်းပြင်နှင့်မိတ်ဆက်ပြီအထင်နဲ့ မျက်စိကိုစုံမှိတ်ထားလိုက်သော်လည်း မိမိပြုတ်ကျသွားသည်က ကြမ်းပြင်မဟုတ်ဘဲ ရင်ခွင်နွေးနွေးလေးတစ်ခုထဲသို့ မှိတ်ထားသော မျက်လုံးကိုဖွင့်ကာ မော့ကြည့်မိတော့ မိမိကို ပြုံးကာကြည့်နေသော ကောင်လေးတစ်ယောက်

'နေပါဦး ဒီကောင်လေးကို ငါမြင်ဖူးပါတယ် ဘယ်မှာပါလိမ့်'

သဇင်ဖြူတစ်ယောက် အသည်းအသန်စဥ်းစားနေရင်း

'ဟာသိပြီ ငါ့အတန်းထဲကပဲ'

"နင်..မြူဆောင်းငယ် မဟုတ်လား"

"ဟုတ်ပါတယ်ဗျ ကျွန်တော့်ကို သိလို့လား"

"ဟုတ်ကဲ့ အရှေ့ပိုင်းတက္ကသိုလ် ပထဝီ first yearကမလား"

"ဟုတ်ပါတယ်ဗျ ဘယ်လိုများသိ...."

"အော် ဖြူလည်း အဲ့အတန်းထဲကပဲလေ ဖြူကိုမသိဘူးနဲ့တူတယ်"

"တောင်းပန်ပါတယ်ဗျ အတန်းထဲ သိပ်သတိမထားမိလို့ မသိတာပါ"

"ရပါတယ် တောင်းပန်ဖို့မလိုပါဘူး နောက်ဆိုမှတ်ထားပေါ့"

"ဟုတ်ကဲ့ဗျ"

ဆောင်းတစ်ယောက် အရှေ့က ကောင်မလေးကို စကားပြောရင်း သေချာကြည့်နေမိသည် မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ တင်ပါးလောက်ရှိတဲ့ ဆံပင် အရှည်ကြီးကိုဖြန့်ချထားတဲ့ပုံလေးက လိုက်ဖက်ညီစွာ သူ့မရဲ့အလှကိုပံ့ပိုးနေသည် ရီလိုက်ရင်ပေါ်လာတဲ့ပါးချိုင့်လေး စကားပြောသံလေးက တခြားမိန်းကလေးတွေလို ပဲများပြီးပြောနေတာမျိုးမဟုတ် တည်တည်ငြိမ်ငြိမ်လေးနဲ့ မိမိကို ဖော်ဖော်ရွေရွေ​နဲ့ စကားတွေပြောနေတဲ့ ကောင်မလေးက မိမိကိုသိတယ်တဲ့လေ

ကိုယ်ချစ်သောဆောင်း   (Completed)Where stories live. Discover now