ကိုယ်ချစ်သောဆောင်း
Part-23
"ကိုယ် ကုမ္ပဏီ သွားလိုက်ဦးမယ်"
"သွားလေ"
"ပြန်လာရင် ဘာဝယ်လာပေးရမလဲ ဘာစားချင်လဲ"
"မရှိဘူး ဆက်တို့ အကုန်ဝယ်ပေးထားတယ်"
"Ok အဲ့တာဆို အိမ်တံခါးသေချာပိတ်ပြီး နေခဲ့ ကိုယ်စောစော ပြန်လာခဲ့မယ်"
"သဘောပဲ"
"ဟင်း အဆိုးလေး"
ဇိုင်း ဘာလိုလိုနဲ့ အကောင်ပေါက် အိမ်မှာနေနေတာ ၅ရက်တောင်ရှိပြီ သူနဲ့အကောင်ပေါက် ဆက်ဆံရေးကတော့ အရင်လို စိမ်းမနေတော့ပေ အရင်တုန်းက အကောင်ပေါက်က သူ့ကိုကြောက်သလိုဖြစ်နေပေမယ့် အခုဆိုသူ့ကို မကြောက်တော့တဲ့အပြင် ရန်တောင်လုပ်တတ်နေသေးသည် သူကလည်း အကောင်ပေါက်လေး သဘောအတိုင်း အကုန်အလိုလုပ်ထားတော့ ဒင်းလေးက သူ့အပေါ်ဆို ကလေးဆိုးလေးလို ဆိုးတတ်သေးသည်
"အပြင်တွေ လျှောက်မသွားနဲ့နော် သွားချင်တယ်ဆို ကိုယ်လိုက်ပို့ပေးမယ်"
"ကျွန်တော့် ခြေထောက်နဲ့ ကျွန်တော်သွားချင်ရာ သွားမှာပေါ့ ခင်ဗျားအပူပါလား"
"ဟက် ကိုယ့်အပူပါလား မပါလားဆိုတာ နောက်တော့ မင်းလေးသိရမှာပေါ့ အခုတော့ ခိုးထွက်ရင် မင်းလေးမုန့်ဖိုးကို နှုတ်ဆက်ထားနော်"
လက်မှာ ကိုင်ထားသော ဖုန်းအားလှုပ်ပြကာ လူယုတ်မာပြုံးပြုံးရင်း ပြောနေသော လူကြီးအား ကြည့်ကာ ဆောင်း ဒေါသတွေအလိပ်လိုက် ထွက်လာသည်
'အားနေ သူများမုန့်ဖိုးနဲ့ပဲ ခြိမ်းခြောက်နေတယ် တွေ့မယ် ခင်ဗျားကြီး သွားပါစေဦး ခင်ဗျားကြီးသွားမှ အပြင်ကိုခိုးထွက်ပြမယ် ကြည့်နေ မြူဆောင်းငယ်တဲ့ ဘာမှတ်နေလဲ ဟွန့်'
ဆောင်းလည်း စိတ်ထဲမှာသာ ပြောရင်း အပြင်မှာတော့ လူကြီးအား ကြည့်ကာ
"ကျွန်တော် ဘယ်မှမသွားတာမို့လို့ ခင်ဗျားဘာသာ စိတ်ချလက်ချသွား"
"OK အဲ့တာဆို ကိုယ်သွားပြီ"
ဇိုင်းလည်း သူပြောတာကို ဂရုမစိုက်ဘဲ ဆိုဖာပေါ်မှာထိုင်ကာ ဖုန်းကြည့်နေသော အကောင်ပေါက်အား တစ်ချက်ကြည့်လိုက်ကာ အိမ်ထဲမှ ထွက်လာရင်း ခြံထဲမှာရပ်ထားသော ကားပေါ်တက်ကာ ကုမ္ပဏီသို့ မောင်းထွက်လာခဲ့သည်
ESTÁS LEYENDO
ကိုယ်ချစ်သောဆောင်း (Completed)
Romanceကိုယ့်ဘဝမှာဘယ်သူ့ကိုမှစိတ်မဝင်စားရင်မခုန်ခဲ့ဖူးဘူး ကိုယ်ပထမဆုံးစိတ်ဝင်စားမိပြီးရင်ခုန်သံတွေပြင်းထန်လာတဲ့အထိမြတ်မြတ်နိုးနိုးချစ်မိခဲ့တဲ့သူက မြူဆောင်းငယ်ဆိုတဲ့မင်းလေးပဲ မင်းလေးကိုယ့်ကိုမချစ်သေးလည်းကိစ္စတော့မရှိပါဘူး ကိုယ်ကကိုယ့်ကိုပြန်ချစ်လာအောင်လုပ်မ...