Part-33(Unicode)

620 26 0
                                    

"ဒေါက် ဒေါက်"

"ကလေးလေး မပြီးသေးဘူးလား"

ရေချိုးခန်းမှန်အား ကြည့်ရင်း အရင်အကြောင်းတွေ ပြန်တွေးကာ အတွေးလွန်နေသော ဆောင်းတစ်ယောက် တံခါးခေါက်သံနှင့်အတူ ထွက်ပေါ်လာသော ကိုကို့အသံကြောင့် အသိဝင်လာခဲ့သည် (Memory Returnလေးပြီးသွားပြီနော် နားမလည်ရင် Ep.1လေးကို ပြန်ဖတ်ပေးပါ)

ဆောင်း အတွေးလွန်နေကာ ရေမချိုးရသေးတာကြောင့် ရေချိုးခန်းအပြင်မှ ကိုကို့အား

"ကိုကို ခဏလေး ကျွန်တော် ပြီးတော့မယ်"

"အင်း ရေအကြာကြီး စိမ်မနေနဲ့ဦးနော် အအေးပတ်နေမယ်"

"ဟုတ်ကဲ့"

ကို့ကို့အား ပြောပြီးတာနဲ့ ဆောင်းလည်း အဝတ်အစားများချွတ်ကာ မျက်နှာသစ်သွားတိုက်ရင်း ရေဗန်းအောက်ဝင်လိုက်ကာ ခပ်မြန်မြန်ပင် ရေချိုးလိုက်သည်

"ဟင်..."

ဆောင်း ရေချိုးခန်းထဲက ထွက်လာတော့ ကိုကိုက ဝတ်စုံတောင်လဲပြီးလို့ ကုတင်ဘေးက ခုံပေါ်မှာ ထိုင်နေလေသည် ရှပ်အကျီအဖြူရောင်လေးနဲ့ ယောပုဆိုးအမဲလေးကို ဝတ်ဆင်ထားတဲ့ကိုကိုက သန့်ပြီးခန့်နေကာ ရှိရင်စွဲထက် ပိုချောနေသယောင်ပင်

"အဟမ်း"

"ကိုယ်က တော်တော်မှချောရဲ့လား"

ဆောင်းလည်း ကိုကို့အား ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်း ချောင်းဟန့်ကာ ပြုံးစိစိနဲ့ ပြောလာသော ကိုကို့ကြောင့် သတိလက်လွတ်ငေးမိနေတဲ့ ကိုယ့်ကိုကိုယ် ရှက်သွားရကာ

"ဘယ်..ဘယ်သူက ပြောလဲ သွားတော့ ကျွန်တော် အဝတ်အစားလဲတော့မယ်"

"ဒီတိုင်းလဲလေ ကိုယ်မမြင်ဖူးတာလည်း မဟုတ်ပဲနဲ့"

"ဘာမြင်ဖူးတာလဲ သွားအခု"

"ဟုတ်သားပဲ ကိုယ့်ကလေးရဲ့ တစ်ကိုယ်လုံးကို သေချာမှ မမြင်ဖူးသေးတာ တစ်လက်စတည်း ကိုယ်လည်း ကြည့်ရအောင် ဒီမှာပဲ ချွတ်လိုက်ပါလား"

အတည်ပေါက်နဲ့ ပြောချလာသော ကိုကို့စကားကြောင့် ဆောင်းမျက်နှာလေးရဲသွားရသည် နောက်နေတယ်လို့ မထင်ရဘဲ တည်တံ့နေသော ကိုကို့မျက်နှာက ဆောင်းသာ သူရှေ့တကယ်ချွတ်လိုက်ရင် ကြည့်နေမဲ့ပုံပင်

ကိုယ်ချစ်သောဆောင်း   (Completed)Where stories live. Discover now