Part-12(Unicode)

789 35 0
                                    

"ဟား လန်းဆန်းသွားတာပဲ"

"ငါတော့ ချမ်းနေပြီ"

"နင်ကရေမကူးဘဲ ရေစိမ်ပြီး ဖြတ်သမျှ​ကောင်လေး အကုန်လိုက်ငမ်းနေတာကို"

"ဟဲ့ ငါကငမ်းချင်လို့ ငမ်းနေတာ မဟုတ်ဘူး သူတို့ကချောနေကြတော့ အားနာနာနဲ့ လိုက်ကြည့်ပေးနေရတာ"

"ဘူးရင်ဘူးတယ်ပေါ့ အပိုတွေလာပြောနေတယ်"

"လဒ.."

"ဘာလဲ မသာမလေးရဲ့"

"ဒါနဲ့ ဖြူကော???"

"ဟိုမှာလေ ဖုန်းပြောနေတယ်"

"အော်.."

"နင် ရေသွားချိုးဦးမှာမလား"

"အေး သွားချိုးရမှာပေါ့"

"အဲ့တာဆိုသွားလေ ငါဖြူကိုစောင့်လိုက်ဦးမယ် ပြီးမှသွားချိုးတော့မယ်"

"ငါလည်း စောင့်ပေးမယ်"

"သွားစရာရှိတာသာ သွားစမ်းပါ ငါ့ဘာသာပဲ စောင့်လိုက်မယ် နင်တို့ယောကျ်ားလေးတွေက ရေတစ်ခါချိုးရင် မပြီးနိုင် မစီးနိုင်နဲ့"

"အောင်မာ အဲ့တာ နင်တို့မိန်းကလေးတွေကိုပြောရမှာ"

"ငါတို့မိန်းကလေးတွေ ကြာတာက နင်တို့ယောကျ်ားလေးတွေကို မမှီဘူး နင်တို့က ပိုကြာတယ် သွားစရာရှိတာသွား"

"နင်တစ်ယောက်တည်း ဖြစ်ရဲ့လား"

"အမယ်လေးဟယ် ဘာမှမဖြစ်ဘူး ငါ့ကိုလည်း ဘယ်သူ့မှဆွဲမပြေးဘူး နင်ပါရပ်နေရင် နင်နဲ့လည်း အတွဲတွေလို့ အထင်မခံနိုင်ဘူး"

"ဘယ်သူ့ကကော နင်နဲ့အတွဲတွေလို့ အထင်ခံချင်တယ်များ ထင်နေလဲ ဝေးသေး"

"အဲ့တာဆိုလည်း ဂျောင်းတော့"

"အေးပါ ကောင်လေးတွေကို လိိုက်ဆွဲမနေနဲ့ဦးနော်"

"မသာလေး"

"ဟားးဟားး"

အသဲဗြဲဖြင့် အော်ရီကာ ထွက်သွားသော ဆောင်းရဲ့ကျောပြင်အား သူမ တစ်ချက်လှမ်းကြည့်ကာ တစ်ဖန် အကြည့်များက ခုံတန်းပေါ်မှာ ထိုင်နေကြသော အဆင်လေးများဆီသို့

'ချောလိုက်တာနော် ငါ့အနာဂတ်ကောင်လေးရဲ့ ရုပ်လေးအတိုင်းပဲ ဟီးဟီး'

ကိုယ်ချစ်သောဆောင်း   (Completed)Donde viven las historias. Descúbrelo ahora