Part-19(Unicode)

651 31 0
                                    


"တင်း တောင်"

"ဆောင်း ဧည့်ခန်းထဲမှာ tvကြည့်နေရင်း ခြံတံခါး ဘဲလ်သံ ကြားလိုက်တာကြောင့် လက်ထဲမှ ရီမုအား ဆိုဖာပေါ်ချထားခဲ့ကာ အိမ်ရှေ့သို့ ထွက်လာလိုက်ပြီး ခြံတံခါးဝကို ကြည့်လိုက်တော့ ခြံရှေ့မှာ ဆက်နဲ့​ဖြူ ရပ်နေတာကို တွေ့လိုက်တာကြောင့် စားပွဲပေါ်က သော့အားယူလိုက်ကာ ခြံထဲဆင်းလိုက်ရင်း ခြံတံခါးဆီသွား၍ တံခါးဖွင့်ပေးလိုက်သည်

"နင်ကလဲ ကြာလိုက်တာ ဘာလုပ်နေတာလဲ"

ခြံတံခါးဖွင့်ဖွင့်ချင်း ဆီးပြီးမေးလိုက်သော ဆက်ကြောင့်

"Tvကြည့်နေတာ"

"အော်..."

"လာ ဝင်ကြလေ နင်တို့အဲ့မှာပဲ ရပ်နေတော့မှာလား"

"ဝင်မှာပေါ့ နင်ကလည်း နေမလို့ လာပါတယ်ဆိုမှ စိတ်ကြီးပဲ"

"စကားရှည်မနေနဲ့ ဝင်ခဲ့ ဘာဝယ်လာလဲ ငါဗိုက်ဆာနေပြီ"

"ဝယ်လာပါတယ် အငတ်ရယ် အိမ်ထဲအရင် ဝင်ပါ့ရစေဦး "

"အင်း နင်တို့ အရင်ဝင်နှင့် ငါခြံတံခါးပိတ်ပြီး လိုက်ခဲ့မယ်"

"အေးအေး"

ဆောင်းလည်း ခြံတံခါး ကိုသေချာပိတ်ကာသော့ခတ်လိုက်ပြီး ဆက်တို့နောက် လိုက်ခဲ့သည် ဆောင်း အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ ဆက်နဲ့ ဖြူကို မတွေ့တာကြောင့် ထမင်းစားခန်းဆီ လျှောက်လာလိုက်တော့ စားပွဲပေါ်မှာ ဝယ်လာသော စားစရာများကို ပန်းကန်ထဲ ​လှယ်ထည့်နေကြသော ဆက်နဲ့ဖြူကို တွေ့လိုက်သည်

"ဘာတွေဝယ်လာတာလဲ"

"ခေါက်ဆွဲကြော်ရယ် ကြေးအိုးရယ် ထမင်းပေါင်းရယ် ပြီးတော့ နင့်အတွက် chocolate bubble tea"

"ဝိုး ငါ့အချစ်လေးက တော်လိုက်တာ ငါ့အကြိုက်တွေကြီးပဲ ဝယ်လာပေးတယ်"

"ဘောကို အချစ်လေးလား စေတနာပျက်အောင် လာမလုပ်နဲ့"

"ဟီးဟီး "

"ရော့ ပြင်ပြီးသွားပြီ စားတော့ နင်ဘာမှ မစားရသေးဘူးလား"

ခေါက်ဆွဲကြော် ထည့်ထားသော ပန်းကန်အား မိမိရှေ့ ထိုးပေးရင်း မေးလာသောဆက်ကြောင့် ဆောင်း ခေါင်းသာညှိတ်ပြလိုက်သည်

ကိုယ်ချစ်သောဆောင်း   (Completed)Donde viven las historias. Descúbrelo ahora