Unicode
-------------တန်ဆောင်မုန်းလ၏ ပထမအပတ်။
ရွာအဝင်လမ်းကဖုန်ထူလှသည်။သို့သော် ကြည်နူးစရာအတိ။ရိတ်သိမ်းခါနီး ဝင်းမှဲ့နေသော ရွှေဝါရောင်စပါးခင်းကြီးက မျက်စိတစ်ဆုံး။လမ်းဘေးတစ်ဖက်တစ်ချက်စီမှာပေါက်နေသော သပြေပင်ကြီးများကလည်းအသီးတွေလှိုင်လှိုင်။ရွာထိပ်၌တွေ့ခဲ့ရသော လက်ပံပင်ကြီးကလည်း
ဝံ့ကြွားစွာ။လက်ပံပွင့်ရာသီမဟုတ်၍ အပွင့်တော့မပွင့်သေး။တွေ့မြင်ခဲ့ရသောကုက္ကိုလ်ပင်ကြီး၏ခွကြားထဲမှာတော့ ရေချမ်းအိုးစင်လေးတစ်လုံး။ဒုတိယနှစ်ဖြေအပြီးတတိယနှစ်မတက်ခင် ကျောင်းပိတ်ချိန်အတွင်း မုတ်သုံကသူ့ရွာကိုလိုက်လည်ပါဟုခေါ်၍ သော်ဇင်မင်းမြတ်အပါအဝင်သူငယ်ချင်းခြောက်ယောက်သည် ရွှေဘိုအနီးတစ်ဝိုက်ရှိမုတ်သုံ၏ဇာတိမြေဖြစ်သော လက်ပံတန်းဟုခေါ်သည့် ရွာငယ်တစ်ခုသို့လိုက်ပါခဲ့ရသည်။ဆောင်းတွင်းရာသီသို့ဝင်နေသော်ငြား နေ့လည်ခင်းအချိန်ဖြစ်သောကြောင့်နေကမဝင်သေး။အေးရင်လည်းခိုက်ခိုက်တုန်အောင်၊ ပူရင်လည်းမခံမရပ်နိုင်လောက်အောင်ဖြစ်လေသောအညာဒေသတို့၏ထုံးစံအရ လှည်းပေါ်ရှိရန်ကုန်သားသမီးများအုပ်စုမှာချွေးတဒီးဒီးကျနေကြ၏။သို့သော် မြင်တွေ့နေရသောမြင်ကွင်းများအားဝမ်းသာအံ့သြစွာ အာပေါင်းရင်းသန်ပြောမဝနိုင်ဖြစ်နေကြသည်။
ထို့နောက် ရွာထဲသို့ဝင်လာပြီးမကြာ......ဝါးခြမ်းပြားများဖြင့်ကာရံထားသော ခြံအကျယ်ကြီးရှေ့တွင် လှည်းကရပ်သွားသည်။
"ရောက်ပြီ ငါ့ညီတို့"
လှည်းမောင်းလာသောအစ်ကိုကြီးက မုတ်သုံ၏ဝမ်းကွဲအစ်ကိုကြီးသန့်စင်ဖြစ်သည်။
မုတ်သုံမှာမိဘတွေမရှိတော့ဘဲ သူ့အမေ၏အစ်မ ဒေါ်ကြီးသူဇာကငယ်ငယ်ကတည်းကစောင့်ရှောက်ထားခဲ့ခြင်း။ထိုအစ်ကိုကြီးကနွားများကို အိမ်ရှေ့ချည်တိုင်တွင်ချည်ထားခဲ့ပြီး လှည်းပေါ်ရှိအထုတ်တစ်ချို့ကိုသယ်သွားပေးကာအိမ်ထဲသို့ဝင်ထားပေးသည်။မုတ်သုံကအရင်ဆင်းပြီးမှ စနိုးနဲ့ပုလဲကိုလှည်းအောက်ကနေကူထိန်းပေးရသည်။ယောကျာ်းတစ်ပိုင်းမိန်းမရိုင်း ဇွန်သူကတော့လှည်းပေါ်ကနေကိုယ့်ဟာကိုယ်ခုန်ဆင်းသည်။
မိန်းကလေးတွေဆင်းသွားတော့မှ ကျန်နေခဲ့သော ရဲရင့်မင်းနှင့်ရတုလင်းကဆင်းသည်။သော်ဇင်ကတော့နောက်ဆုံးမှဆင်းခဲ့သည်။
YOU ARE READING
လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]
Romance[COMPLETED] Unicode and Zawgyi ================ Unicode --------- သွက်သွက်လက်လက်ရန်ကုန်သားလေးရယ် တောသားလူရိုးကြီးရယ်.....။ "တောသားကောင်ကချောလိုက်တာ....." ဟု ဆိုရာကနေ အစပြုပြီး။ *ဝါသနာအရမို့ အရေးအသားနုပါတယ်ရှင့်။ကြိုးစားနေဆဲမို့ အရေးသားပိုင်းနဲ့ပတ်သတ...