ဇာတ်သိမ်းပိုင်း/ဇာတ္သိမ္းပိုင္း

3.7K 227 20
                                    

Unicode
--------------

အရာအားလုံးဟာအဆင်ပြေနေပါရဲ့လား.......။
ရတုဟာထိုနှစ်မှစ ကျောင်းကိုအဝေးသင်ပြောင်းလိုက်ပြီး မိသားစုစီးပွားရေးကနေခွဲထွက်ကာ ကိုယ့်ခြေကိုယ့်လက်နဲ့ကြိုးစားခဲ့ပါသည်။

သော်ဇင်ကတော့ အရင်လို မိခင်မသိအောင် ကိုခန့်လူနဲ့ဆက်သွယ်နေတုန်းပါပဲ။ဖခင်ဖြစ်သူရဲ့အကူအညီတွေနဲ့ပေါ့.....။

"ဟိတ်ကောင်တွေ လာကြ ဓာတ်ပုံစုရိုက်ရအောင်"
ဆော်သြလိုက်သူက မုတ်သုံပင်။

ဟုတ်ပါတယ်။ဒီနေ့ သူတို့တွေဘွဲ့ယူကြတဲ့နေ့ပါ။ဘွဲ့နှင်းသဘင်ခမ်းမဆောင်ကြီးကို နောက်ခံထားကာ ဘွဲ့ဝတ်စုံကိုယ်စီနဲ့ သူငယ်ချင်းခုနစ်ယောက်။

ရတုလင်းလား။အဝေးသင်မို့ ဘွဲ့ယူတဲ့ထဲမပါပါ။ဒါပေမဲ့ သကောင့်သားကတော့ ဓာတ်ပုံဆိုင်ကဘွဲ့ဝတ်စုံကြီးကိုငှါးချလာပါသည်။သူဘွဲ့ယူတဲ့နေ့ကျရင်လည်း အကုန်လုံးဘွဲ့ဝတ်စုံထပ်ဝတ်ပြီး ဓာတ်ပုံရိုက်ပေးရမည်ဟုအမိန့်ချထား၏။တကယ့်ကောင်ပင်......။

မုတ်သုံဆီကို ဒေါ်ကြီးနဲ့သန့်စင်တို့ရောက်လာပြီး သော်ဇင့်တွင်လည်း ဦးမင်းမြတ်နဲ့ဒေါ်မြလင်းမေ။ရတုကတော့ တောင်ကြီးကိုမပြန်တော့။ရွာမှာပဲ မြေကွက်အလွတ်လေးပါဝင်သော လုံးချင်းအိမ်လေးတစ်လုံးကိုဝယ်ထားသည်။

"အစ်ကို ရေသောက်"

"အင်း.....ချွေးတွေထွက်နေတယ်ရတုရယ် မပူဘူးလား"

သူ့ပွဲလည်းမဟုတ်ပါဘဲ ဘွဲ့ဝတ်စုံကြီးတကားကားနဲ့ရတုရဲ့ပါးပြင်နဲ့နှဖူးကို ကိုသန့်စင်က တစ်ရှုးလေးနဲ့အသာအယာသုတ်ပေးနေသည်။

ရတုသည် ရန်ကုန် မန္တလေးနှင့်ပြင်ဦးလွင်မြို့ကြီးများတွင်တရုတ်အစားစာ ထိုင်းအစားစာ ကိုရီးယားအစားအစာ အီတလီ ပြင်သစ် အစရှိတဲ့ ဆိုင်များနှင့်အတူ ဆိုင်ခွဲပေါင်းများစွာကို ဦးစီးနေ၏။မိသားစုစီးပွားရေးနှင့်ယှဉ်လျှင်တော့ ဤစီးပွားရေးကားဘာမှမဟုတ်သော်လည်း သာမန်ဘဝလေးမှာ ချစ်ရတဲ့သူနဲ့အတူနေရသည်ကိုပိုမက်မောပါသည်။

သူ့စိတ်ကူးကိုပြောပြတော့ အစအဆုံးအရင်းနှီးထုတ်ပေးကာ ကူညီပေးတဲ့ မွေးချင်းညီအစ်ကို အစ်ကိုကြီးအားကျေးဇူးတင်ရပါသည်။
အခုဆို ချစ်ရတဲ့ကိုသန့်စင်ကိုလည်း ဒေါ်ကြီးဆီကနေတစ်ခါတည်းခွင့်ပြုချက်တောင်းကာ သူ့ဘွဲ့ရပြီးတာနဲ့ လက်ထပ်ယူဖို့ပြင်နေပြီဖြစ်သည်။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Donde viven las historias. Descúbrelo ahora