အပိုင်း(၁၈)/အပိုင္း(၁၈)

2K 180 1
                                    

Unicode
-------------

လမ်းပေါ်မှာကစားနေတဲ့ ကလေးတွေက ဇိမ်ခံကားဆိုတာမျိုးကို အနီးကပ်မမြင်ဖူးရှာပါ။မသားမနား တစ်ပတ်ရစ်ကားတွေလောက်ကိုသာမြင်ဖူးရှာကြသည်။
ရွာထဲကိုဝင်လာတဲ့ထိုကားတစ်စီးက ဘီးမှာဖုန်တွေတလူးလူး။

"ဟဲ့ ဟဲ့ မိအေး ကားမှန်တင်စမ်း"

"ဟုတ်ကဲ့မေမေကြီး"

ဒေါ်မြလင်းမေရဲ့ ခပ်မာမာစိတ်မရှည်သောလေသံကြောင့် အကူကောင်မလေးမိအေးခမျာပြာသလဲလဲ......။
ခုနကတော့ သူပဲမူးလို့ကားမှန်ချခိုင်းထားပြီးတော့။မိအေးပါးစပ်ကနေတော့ထုတ်မပြောရဲပါ။

"ဘယ်လိုနေရာလဲမသိဘူး။လမ်းတွေကလည်း ချိုင့်တွေနဲ့စုတ်ပြတ်သတ်နေတာပဲ"

"မိန်းမရယ် အစိုးရက ဒီဖက်အပိုင်းတွေကို ပြင်ဖို့စီမံကိန်းမှသိပ်မချပေးတာ။ရွာကလူတွေပဲရှိသလောက်နဲ့ အဆင်ပြေအောင်ပြင်ရရှာတာလေ။ဒီလောက်ထိတော့သူတို့ဘယ်လုပ်နိုင်မတုန်း"

"အိုတော်.......ဘာပဲဖြစ်ဖြစ် သူတို့စည်းကမ်းမရှိလို့ဖြစ်ရတာပဲကို"

ဦးမင်းမြတ်လည်း ဇနီးဖြစ်သူကိုပြောမနိုင်တော့။ခေါင်းတခါခါနှင့်ပင်။အခုလည်း သားဖြစ်သူသော်ဇင်မင်းမြတ်ရဲ့အကြောင်းကိုသိပြီး ဒေါသတကြီးထလာသည်မို့ စိတ်ဆက်နေသည်မှာသေချာပါသည်။

သားရဲ့ချစ်သူက ဒီကရွာသားလေးတဲ့။ရွာသူဆိုရင်တောင် ကိန်းကြီးခမ်းကြီးနိုင်လွန်းသော သူမက သဘောတူမည်မထင်ပါ။အခု ယောကျာ်းသားဆိုတော့ ပိုဆိုးပြီပေါ့။
ဦးမင်းမြတ်ကတော့ သားဖြစ်သူဘာပဲလုပ်လုပ် သူပျော်နေရင်လက်ခံပေးချင်တာပါပဲ။ဇနီးဖြစ်သူကိုသိပ်ချစ်တော့လည်း နားချဖို့ကမလွယ်။

ခြေတံရှည်အိမ်ကြီးရခိုင်ရှေ့မယ် ကားကိုထိုးရပ်လိုက်သည်။ဦးမင်းမြတ်က ကားပေါ်ကဆင်းလိုက်သည်နှင့် အိမ်ထဲကနေအုပ်စုလိုက်ကြီးထွက်လာကြသည်။
ရတုက ကားတံခါးကိုဖွင့်ပေးလိုက်ပြီးဒေါ်မြလင်းမေကို လက်တဖက်နဲ့ကူတွဲပေးတော့ အသာတကြည်လက်ခံ၏။

သော်ဇင့်ရဲ့သူငယ်ချင်းအချင်းချင်းတူသော်ငြား ဒေါ်မြလင်းမေကတော့ ရှမ်းဘက်ကစော်ဘွားမျိုး ဘိုးဘင်ဘောင်ဆက်ချမ်းသာလာသော ရတုလင်းနဲ့ မိန်းကလေးတွေရဲ့မိသားစုတွေကတော့ သူ့ဟာနဲ့သူကိုယ်ပိုင်လုပ်ငန်းတွေနဲ့အဆင်ပြေပြေရှိပြီးတာမို့ သူတို့တွေကို သာမန်လခစားမိသားစုငယ်လေးကရဲရင့်မင်းနဲ့တောကလာတဲ့မုတ်သုံတို့ထက် ပိုခင်သည်။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Donde viven las historias. Descúbrelo ahora