အပိုင်း(၂၀)/အပိုင္း(၂၀)

2.1K 166 0
                                    

Unicode
-------------

"ငါ မင်းတို့ကိုသဘောတူတယ်။အဟင်း.....မတူလို့မှမရတော့ဘဲ။ငါ့သားကိုတော့ နှမြောမိတာပေါ့။"

ဒေါ်မြလင်းမေရဲ့စကားတွေအောက်မှာ ခန့်လူကခေါင်းကလေးငုံ့လို့။သူကြောက်တာမဟုတ်ရပါ။ခန့်လူက တုံးအပြီးဉာဏ်နည်းသည့်သူမှမဟုတ်တာ။ငယ်ငယ့်အမေဖြစ်နေ၍ လေးစားမှုပေးနေခြင်းပင်။

"ငါကတော့ ငါ့သားကို ဒီလိုနေရာမျိုးမှာမထားနိုင်ဘူး။သားသားမှာ ရှေ့ရေးတွေရှိသေးတယ်။ဒီတော့ သားသားကို ရန်ကုန်ပြန်ခေါ်သွားရမယ်။မင်းလိုက်နိုင်ရင်လိုက်ခဲ့။မလိုက်နိုင်ရင်လည်းရတယ်နော်။အတင်းခေါ်တာမဟုတ်ဘူး"

ဒေါ်မြလင်းမေရဲ့စကားအဆုံး ခန့်လူက မိခင်ဖြစ်သူကိုလှမ်းကြည့်မိသည်။ဒေါ်သက်သက်က မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းအစုံတို့ဖြင့် ခန့်လူကိုပြုံးကြည့်ကာ ခေါင်းငြိမ့်ပြရှာသည်။
သား လိုက်သွားချင်လိုက်သွားပါ သူမခွင့်ပြုပါသည်ဆိုတဲ့သဘောပေါ့။

တကယ်ပင် ဒေါ်သက်သက်မှာ ဝမ်းနည်းနေ၏။သူမရဲ့သားကြီးက ဒီတစ်ခါလည်း သူမတို့အတွက်အနစ်နာခံပေးနေဦးမှာ သိပ်စိုးရိမ်သည်။သားကြီးကိုပျော်စေချင်သည်။အဲ့ဒီကိုလိုက်သွားရင်ပျော်ရမလားမသိပေမဲ့ သားကြီးကို သူချစ်တဲ့သူနဲ့နီးစပ်စေချင်တာတော့အမှန်ပင်။

"စဉ်းစားထားပါ ငါတို့မနက်ဖြန်မနက်ပြန်မယ်"

************************

ရေနံဆီမီးခွက်ကလေးက မီးစာကုန်ခါနီးပြီ။အတွေးများနေတဲ့လူတစ်ယောက်ကတော့ ထရံထောင့်ကလေးမှာမှီကာ စိတ်ရှုပ်နေဟန်တူသည်။ခေါင်းကိုအောက်ငိုက်ချထားက သက်ပြင်းမောတွေက အားပြင်းစွာ။အတွေးတွေကချာချာလည်။
သူဘယ်သူ့ကိုရွေးချယ်ရမလဲ.......။တစ်ဖက်က ချစ်ရသည့်သူ တစ်ဖက်ကသူ့ရဲ့မွေးမိခင်။

မိခင်ဖြစ်သူက ခွင့်ပြုပေးနေသော်ငြား သူထားမသွားနိုင်ပါ။ဒါဆို ချစ်ရသည့်သူကိုရော?ချစ်ရသည့်သူနဲ့ရော သူဝေးနိုင်ပါရဲ့လား။

"ကိုကို"

လွန်ခဲ့တဲ့ညက အမြတ်တနိုးနမ်းရှိုက်ခဲ့ဖူးတဲ့ခြေဖမိုးနီထွေးဖွေးအိလေးတစ်စုံက သူ့မျက်စိရှေ့မှာ။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now