အပိုင်း(၄)/အပိုင္း(၄)

2.5K 236 2
                                    

Unicode
-------------

"ရိုးသားချင်ယောင်ဆောင်နေတဲ့ကောင်မ ချမ်းသာတဲ့ကောင်ကိုအပိုင်ဖမ်းပြီး ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တဲ့အပျက်မ လင်ကောင်မပေါ်ဘဲကလေးရတဲ့မိန်းမ"

ထို နားမခံသာသောအသံဖြင့်အယုတ်နတ္တစကားတွေဟာ သော်ဇင်တို့ဈေးထဲစဝင်လာကတည်းကကြားနေရသည်။
လူတွေဝိုင်းအုံနေသောနေရာသို့ ခန့်လူကဒေါကြီးမောကြီးဖြင့်ပြေးသွား၏။

မြင်လိုက်ရသည်က သူ့အမေ ဒေါ်သက်သက်သည် ငါးသည်မ...ဌေးဌေးပြောဆိုနေသည်ကို ခေါင်းငုံခံနေရရှာသည်။
ခန့်လူ၏ရင်ထဲ မီးစထိုးထည့်ခံရသလိုနာကျင်မှုများလှိုက်တက်လာ၏။

"နင်ဘာစကားပြောတာလဲ စောက်ပါးစပ်ကိုပိတ်ထား"

"မောင်ခန့်လူ မောင်ခန့်လူ စိတ်ထိန်း"

"အစ်ကို စိတ်လျှော့ပါ"
အဘတိုးနဲ့သော်ဇင်က ခန့်လူ၏လက်မောင်းနှစ်ဖက်ကိုချိတ်ပြီးဆွဲထားကြသည်။

"အောင်မာ မဒိန်းကောင်ရဲ့သားကများ ငါ့ကို.... ကြည့်ကြပါဦးအရပ်ကတို့ရေ....ရိုင်းလိုက်တာ ရိုင်းလိုက်တာ"

ဌေးဌေးသည် တကယ်တမ်းပါးစပ်စည်းမရှိပြောသည့်သူက သူပင်ဖြစ်သော်လည်း ခန့်လူကို ရိုင်းသည့်လူဆိုးအဖြစ် ပတ်ဝန်းကျင်ကိုတိုင်တည်သည်။

"ခင်ဗျားပါးစပ်ကို ခု မပိတ်ဘူးလား လွှတ်!!!"

ခန့်လူသည် အဘတိုးနဲ့သော်ဇင်တို့ချုပ်ထားသည်မှရုန်းထွက်လိုက်ပြီး ဘေးနားရှိအုန်းသီးသည်ကောင်လေး၏ဓားမကိုကောက်ကိုင်လိုက်သည်။

"ဟာ......ဟဲ့ ဟဲ့!!!"

"လုပ်ကြပါဦး"

"ဟဲ့ ခန့်လူ စိတ်ကိုထိန်းလေ"

ဝိုင်းအုံနေသူများထံမှ တစ်ယောက်တစ်ပေါက်အသံတွေထွက်လာကြသည်။
တချို့ကလည်း ကိုယ်ပါအန္တရာယ်ဖြစ်မှာစိုး၍ ထိုနေရာမှထွက်လာခဲ့သည်။တချို့ကတစ်ခုခုဖြစ်လျှင်အမှုပတ်မှာစိုးလို့ပင်။တချို့ကတော့ ကိုယ်နှင့်မဆိုင်သလို ဈေးဝယ်နေကြသည်။
စပ်စပ်စုစုလူတချို့ကတော့ လည်ပင်းတွေဆန့်ထုတ် ခြေဖျားတွေထောက်ပြီး စပ်စုနေကြဆဲ။

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now