အပိုင်း(၁၁)/အပိုင္း(၁၁)

2.1K 188 1
                                    

Unicode
-------------

ဒေါ်ကြီးကအိမ်နောက်ဘက်မှာဖြစ်၍ အိမ်ရှေ့လူမဝင်စေရန်ရဲရင့်တစ်ယောက် အိမ်စောင့်ပေးနေသည်။တစ်အောင့်လောက်နေတော့ ထွေးငယ်တို့မိန်းကလေးတွေလည်းပြန်ရောက်ပြီး မာလာရှမ်းကောချက်ရန်ပြင်နေကြသည်။

ခနကြာ သော်ဇင်တစ်ယောက် ခြေသံတစ်ဒုန်းဒုန်းဖြင့် အိမ်ပေါ်တက်လာသည်။

"ဘာဖြစ်နေတာလဲ တစ်ဒုန်းဒုန်းနဲ့ သူများအိမ်ကို"

"ဟီး ဟုတ်သား အားနာလိုက်တာ ဒေါ်ကြီးရော "
ထိုအခါမှ သူ့ကိုယ်သူသတိထားမိဟန်ဖြင့် ဇက်ကလေးပုကာသကောင့်သားမှာအားနာရမှန်းသိတော့၏။

"အိမ်နောက်မှာ နေပါဦး မင်းကဘာဖြစ်တာလဲ မုတ်သုံနဲ့သွားတာဆို မုတ်သုံရော"

ရဲရင့်မေးကာမှ သော်ဇင်ကသတိပြန်ရသွားဟန်ဖြင့်

"ဟိုလူကြီးလေ ငါ့ကိုဒီနေ့လာခေါ်မယ်ပြောလို့ ငါကသူမပင်ပန်းအောင် သူ့ဆီသွားတာကို သူကအိမ်မှာမရှိဘူးလေ အ့ကြောင့်မုတ်သုံကိုထားခဲ့ပြီးပြန်လာတာ အလကားကတိမတည်တဲ့လူကြီး"

"ဟ....သူများတကာအလုပ်သွားရဦးမှာပေါ့ကွ နေ့လည်ကျလာခေါ်မှာပေါ့ မင်းလိုအားနေတဲ့သူမှမဟုတ်တာ"

"ဟင်....ဟုတ်သားပဲနော် ငါအလကားနေရင်းသူများကိုနားမလည်ဖြစ်မိပြီလားမသိဘူး"

"အေး....အခုတော့ဒီမှာထိုင်ပြီး အိမ်စောင့်နေ ငါဒေါ်ကြီးဆီသွားကူလုပ်ပေးလိုက်ဦးမယ်"

"အေးအေး"

ရဲရင့်သည် သာအေး၏အကြောင်းကိုသိချင်လှသောကြောင့် သော်ဇင့်ကိုအိမ်စောင့်ခိုင်း၍ ဒေါ်ကြီးကိုမေးရန်ဆုံးဖြတ်ကာ အိမ်နောက်သို့ထွက်လာခဲ့သည်။
တကယ်ဆို ခြံနှင့်ဝိုင်းနှင့်နေသော အိမ်တို့သည် ကိုယ့်ရွာသားချင်းပေမို့သူခိုးသူဝှက်ဝင်မရပါ။ဒါကိုမြို့သားငပိန်းနှစ်ယောက်မသိရှာပေ။

ရဲရင့်တစ်ယောက်အိမ်နောက်ဘက်ရောက်တော့ ဒေါ်ကြီးကခမောက်ဆောင်းထားကာ
အပင်ပေါက်ကလေးတွေအောက်ရှိ မြက်ကလေးတွေအားနှုတ်နေသည်။

"ဒေါ်ကြီး သားကူပေးရမလား ဒီနားကမြက်တွေရှင်းလိုက်မယ်လေ ဓားနဲ့ပေါက်တူးဘယ်နားမှာလဲ"

လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍/လက်ပံပင်ကြီး၌ဝယ် သက်သေတည်၍[Completed]Where stories live. Discover now